Connect with us

Eastern Europe

ရုရှားက လာမည့် ၁၈ – ၁၉ လအတွင်း အိန္ဒိယသို့S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့သွားမည်

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက လာမည့် ၁၈ – ၁၉ လအတွင်း အိန္ဒိယနိုင်ငံသို့S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပထမအသုတ်ကို ပေးပို့သွားမည်ဖြစ်ကြောင်း ၊ ယင်းအတွက် အိန္ဒိယက ကြိုတင်ပေးချေငွေ ပေးထားပြီးဖြစ်ကြောင်း ရုရှားမီဒီယာက စက်တင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

“ စရံငွေက လက်ခံရရှိထားပြီးသားပါ။ လာမယ့် ၁၈ – ၁၉ လအတွင်း သတ်မှတ် အချိန်ဇယားအတိုင်း ပစ္စည်းအားလုံးကို ပေးပို့မှု လုပ်ဆောင်သွားမှာပါ” ဟု ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Yuri Borisov က Sputnik သတင်းအေဂျင်စီသို့ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံ၏ Rossiya-1TV ချန်နယ်က သတင်းဖော်ပြခဲ့သည်။

S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူရေးနှင့်ပတ်သက်၍ အိန္ဒိယ၏ ကြိုတင်ပေးချေငွေ နှင့်အတူ ရုရှား – အိန္ဒိယ နှစ်နိုင်ငံအကြား အစောပိုင်းကာလကပင် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း TASS သတင်းအေဂျင်စီကို ဆိုသည်။

ရုရှား နှင့် အိန္ဒိယ တို့သည် ၂ဝ၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံတန်ဖိုးရှိ S-400 ဒုံးကျည်စနစ်များ ရောင်းဝယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လေကြောင်းတိုက်ခိုက်မှုများကို ပြန်လည်ခုခံရန် တီထွင်ထုတ်လုပ်ထားသော ရုရှားနိုင်ငံ၏ နည်းပညာအမြင့်ဆုံး ခေတ်မီလက်နက်တစ်မျိုး ဖြစ်သည်။ ၎င်းသည် အကွာအဝေး ၄ဝဝ ကီလိုမီတာ နှင့် အမြင့် ၃ဝ ကီလိုမီတာ ရှိ ပစ်မှတ်များကို ချေမှုန်းပစ်နိုင်စွမ်းရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.