Connect with us

Eastern Europe

ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ်များ ဘောလ်တစ် ပင်လယ်တွင် ကင်းလှည့် ပျံသန်း

ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ်အား တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။

တာဝန်ထမ်းဆောင်မှု၏ အချို့အဆင့်များတွင် ရုရှား တိုက်လေယာဉ်များအား ဘယ်လ်ဂျီယံ ၊ ဒိန်းမတ် ၊ ပိုလန် ၊ ဖင်လန် နှင့် ဆွီဒင် နိုင်ငံတို့၏ လေတပ်များက နောက်ယောင်ခံ လိုက်ပါလာခဲ့ကြောင်း ဝန်ကြီးက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကင်းလှည့်ပျံသန်းမှု အစီအစဉ် အပြီးတွင် ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ်များသည် ယင်းတို့၏ မူလလေယာဉ်ကွင်းသို့ပြန်လှည့်လာခဲ့ကြောင်း သိရသည်။(Xinhua)