Connect with us

Europe

ကမ္ဘာလုံးဆိုင်ရာ ပညာရေး ထိပ်သီး အစည်းအဝေး နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လာမည့် တစ်ပတ်တွင် ကျင်းပမည်

ကင်ညာနိုင်ငံရှိ ကလေးငယ်များ စာသင်ကြားနေစဉ် (ဆင်ဟွာ)

အော်စလို၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တစ်ကမ္ဘာလုံးက ပညာရေးဆိုင်ရာ ခေါင်းဆောင်တွေ စုဝေးပြီး ပဋိပက္ခ၊ အရေးအခင်းနဲ့ ဆင်းရဲ မွဲတေမှု ကြုံတွေ့ နေရသော နိုင်ငံများ၏ ပညာရေး တိုးမြှင့်ရာမှာ အထောက်အပံ့ ဖြစ်စေဖို့ လာမည့် တစ်ပတ်မှာ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း နော်ဝေ ဝန်ကြီးချုပ် ရုံးက သောကြာနေ့တွင် ပြောကြားသည်။

ပညာရေး ဖွံ့ဖြိုးရေးအတွက် အော်စလို ထိပ်သီး အစည်းအဝေးကို် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်များမှာ ပြုလုပ်ဖို့ရှိပြီး ပညာသင်ခွင့် ဆုံးရှုံးနေရသော ကလေး ၅၈ သန်း ပညာသင်ကြားခွင့် ရရှိရေးအတွက် ဆွေးနွေးဖို့နှင့် လက်ရှိပညာ သင်ကြာခွင့် ရရှိနေတဲ့ ကျောင်းသားတွေ အတွက် သင်ကြားမှု ရလဒ်တွေ တိုးတက်ဖို့ စသည်တို့ကို ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါသည်။

နော်ဝေနိုင်ငံ ဝန်ကြီးချုပ် အာနာဆိုလ်ဘာ့ခ် (Erna Solberg) က အဆိုပါ ထိပ်သီး အစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မာလာလာယူဆက်ဖ်ဇိုင်တို့နဲ့အတူ ဖွင့်ပွဲ ပြုလုပ်မည် ဖြစ်သည်။ နော်ဝေဘုရင် Haakon လည်း အဆိုပါ အစည်းအဝေး ဖွင့်ပွဲ တက်ရောက်ဖို့ ရှိပါသည်။

အစိုးရ ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်း ခေါင်းဆောင်များ၊ လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍတို့ အတူ ပူးပေါင်းပြီး ကမ္ဘာ့ ပညာရေး ကြိုးပမ်း မြှင့်တင်ရန် ဆွေးနွေးဖို့ ရှိပါသည်။

“ ကလေးငယ် ၅၈ သန်းရဲ့ ဆုံးရှုံးနေတဲ့ ပညာ သင်ကြားခွင့်တွေ ရရှိရေး စည်းရုံး လှုံ့ဆော်နိုင်ဖို့ မျှော်လင့် ပါတယ် ” လို့ ဆိုးလ်ဘာ့ခ် က ပြောပါသည်။

အော်စလို ထိပ်သီး အစည်းအဝေးသည် ယခုနှစ် မေလအတွင်းက တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ ပညာရေးဖိုရမ်ရဲ့ ရလဒ်တွေကို အခြေခံမှာ ဖြစ်သလို ယခု ထိပ်သီး အစည်းအဝေးက အချက်အလက်တွေကို ဇူလိုင်လအတွင်း အီသီယိုးပီးယားတွင် ပြုလုပ်မည့် တတိယ အကြိမ်မြောက် ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေး ထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများတွင် တင်သွင်းသွားဖို့ရှိပါသည်။ (Xinhua)