Connect with us

Europe

ဂရိလူထု ဆန္ဒခံယူပွဲ ကန့်ကွက်သူများ အနိုင်ရပြီးနောက် ပြန်လည် စေ့စပ်ဆွေးနွေးမှုများ ဖြစ်နိုင်

ဂရိနိုင်ငံ အေသင်မြို့တွင် ဇူလိုင် ၅ ရက်နေ့က လူထု ဆန္ဒခံယူပွဲ တွင် အနိုင်ရရှိသဖြင့် ကန့်ကွက် ဆန္ဒမဲပေးသူများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲသည် မြီရှင်များ၏ တောင်းဆိုမှုကို ဆန့်ကျင်သော အဖွဲ့၏ ဦးဆောင်မှု ခိုင်မာကြောင်း ပြသလိုက်ပြီး ဂရိအစိုးရနှင့် မြီရှင်များအကြား ပြန်လည် စေ့စပ် ဆွေးနွေးမှုတွေ ဖြစ်လာဖို့ ရှိပါသည်။

“ အများစု ဆန္ဒနဲ့အတူ ဆန္ဒခံယူပွဲမှာ ကန့်ကွက်သူ အုပ်စုက အနိုင်ရသွားတယ်၊ ဂရိပြည်သူတွေရဲ့ မဲဆန္ဒကို ကျွန်တော်တို့ လေးစားပါတယ်” လို့ အီးယူ ပါလီမန်ဥက္ကဌ Martin Schulz က သတင်း ထုတ်ပြန်ချက်တွင် ပြောပါသည်။

သူက ကန့်ကွက်မဲဆန္ဒက ဂရိဝန်ကြီးချုပ် Alexis Tsipras က တိပေးထားသလို ပိုကောင်းသော အပေးအယူ တစ်ခု ဖြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောပါသည်။ “ ဂရိ ပြည်သူတွေ ကတော့ လက်မခံကြဘူး၊ ဒါပေမဲ့အဖွဲ့ဝင် ၁၈ နိုင်ငံ ပါဝင်တဲ့ ယူရိုဇုန် ကတော့ အဆိုပြုလွှာကို သဘောတူ ထားပါတယ်” လို့ အီးယူ ပါလီမန် ဥက္ကဌက ထပ်ပြောပါသည်။

Schulz ကအရေးပေါ် ပြန်လည် စေ့စပ် ဆွေးနွေးခြင်းသည် လိုအပ်သကဲ့သို့ ဖြစ်လည်း ဖြစ်သင့်ပေမဲ့ ဂရိနိုင်ငံ၏ အဆိုပြုမှုအပေါ် မှုတည်နေကြောင်း ပြောပါသည်။ဂရိ အစိုးရအနေနဲ့ လာမယ့် စေ့စပ် ဆွေးနွေးခြင်းမှာ အဓိပ္ပါယ်ရှိပြီး ဖြစ်နိုင်သော အဆိုပြုလွှာတွေ လုပ်ထားဖို့ တိုက်တွန်း ထားပါသည်။ “ ဘရပ်ဆဲလ်ရှိ အဖွဲ့အစည်းတွေနဲ့ ယူရိုဇုန် ၁၈ နိုင်ငံ အဖွဲ့ဝင်တွေ လက်ခံ ယုံကြည်နိုင်မယ့် အဆိုပြုလွှာ ပြင်ဆင်ထားဖို့ ဂရိအစိုးရ လုပ်ဆောင်ရမယ့် အချိန်ပါပဲ” လို့ သူပြောပါသည်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာမာကဲ နှင့် ပြင်သစ်သမ္မတ Francois Hollande တို့တနင်္လာနေ့ တွင် ပဲရစ်မြို့ မှာ တွေ့ဆုံပြီး ဆန္ဒခံယူပွဲ ရလဒ်ကို ဆုံးဖြတ်ကြဖို့ ရှိပါသည်။ဂရိအစိုးရကို ယူရိုဇုန်က ငွေထုတ်ချေးထားသူတွေ ဖြစ်သော ဥရောပ ကော်မရှင်ဥက္ကဌ၊ ယူရို ထိပ်သီးဥက္ကဌ၊ ယူရိုအုပ်စု အစည်းအဝေး ဥက္ကဌ၊ ဥရောပ ဗဟိုဘဏ် ဥက္ကဌ တို့နှင့်အတူ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ဖို့ ရှိပါသည်။ယူရို အုပ်စု ခေါင်းဆောင်က အင်္ဂါနေ့တွင် ယူရို ခေါင်းဆောင်များ ဆွေးနွေးဖို့ ရှိကြောင်း တနင်္ဂနွေနေ့ ညက ပြောခဲ့ပါသည်။

“ ဆန္ဒ ခံယူပွဲရလဒ်ကို ကျွန်တော်လဲ ဂရုပြုမိပါတယ်၊ ဒီရလဒ်ဟာ ဂရိ အနာဂတ်အတွက် အလွန် နှမြောဖွယ် ကောင်းပါတယ်’’ လို့ ယူရို အုပ်စုဥက္ကဌ Jeroen Dijsselbloem က ထုတ်ပြန်ချက်တွင် ပြောပါသည်။“ ဂရိအစိုးရ တာဝန်ရှိသူတွေရဲ့ ပဏာမ ခြေလှမ်းကို ကျွန်တော်တို့ စောင့်နေပါတယ်၊ ဒီအခြေအနေတွေကို ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) မှာ အီးယူ အုပ်စုတွေ ဆွေးနွေးကြပါလိမ့်မယ် “ လို့ သူက ထပ်ပြောပါသည်။

သို့သော် ဂျာမန် ဝန်ကြီးချုပ် မာကဲ၏ မဟာမိတ်အစိုးရ မိတ်ဖက်ဖြစ်သော Axel Schaefer အပါအဝင် တာဝန်ရှိသူ အချို့ကတော့ ယခုအခြေအနေဟာ ဘဏ္ဍာရေး ဝန်ကြီးတွေအတွက် အလွန် အလေးအနက် ထားရမယ့် အခြေအနေ ဖြစ်ကြောင်း ပြောထားပါသည်။ ထို့ကြောင့် ဂရိကိစ္စနှင့် အပေါ် ဥရောပ ကောင်စီဥက္ကဋ္ဌ အနေနဲ့ တခြား အီးယူ ထိပ်သီး အစည်းအဝေး ပြုလုပ်ဖို့ ရှိပါသည်။
ယူရို ထိပ်သီး အစည်းအဝေး ဥက္ကဋ္ဌ တက်စ်က “ ဂရိဆန္ဒ ခံယူပွဲ ပြီးတဲ့နောက် အခြေအနေတွေ ဆွေးနွေးဖို့ အီးယူ ထိပ်သီး အစည်းအဝေးကို အင်္ဂါနေ့ညနေ ၆း၀၀ နာရီမှာပြုလုပ်ဖို့ရှိပါတယ်” လို့ပြောပါသည်။

ဂရိလူထုဆန္ဒခံယူပွဲတွင် ဆန့်ကျင်ဘက်အဖွဲ့က ၆၁.၃ ရာခိုင်နှုန်းနှင့် အနိုင်ရရှိသွားကြောင်း ဂရိ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား ပါသည်။ပြည်တွင်း မီဒီယာများ၏ အဆိုအရ ဂရိ စေ့စပ်ညှိနှိုင်းရေး အဖွဲ့အစည်းသည် ဘရပ်ဆဲလ်သို့ သွားရောက်ဖို့ အဆင်သင့်ဖြစ်နေပြီး ငွေထုတ်ချေးထားသူတွေနှင့် တနင်္ဂနွေနေ့ညမှာ ပြောဆို ဆွေးနွေးနိုင်မည်လို့ အခိုင်အမာ ပြောဆိုထား ပါသည်။
ဂရိဝန်ကြီးများ အစောပိုင်းမှာ ပြောထားတာက ဖိအားတွေ အောက်မှာ တိုင်းပြည်၏ ဘဏ်စနစ်တွေ ရပ်ဆိုင်း သွားရသောကြောင့် အစိုးရက ကြွေးမြီ အပေးအယူ ကိစ္စကို ၄၈ နာရီအတွင်း ပြေလည်ဖို့ ဆန္ဒရှိနေပါသည်။

ဥရောပ အရေးပေါ် ငွေကြေးထောက်ပံ့မှု အကူအညီများ ဖြတ်တောက် ခံရပြီးတဲ့နောက် ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက ဂရိ ဘဏ်များ ပိတ်ခဲ့ရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.