Connect with us

Europe

ဂျာမနီ နိုင်ငံ အရာရှိမှ အမေရိကန် နိုင်ငံ၏ ထောက်လှမ်း နားထောင်မှု နှင့်ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီးအား ခေါ်ယူ ဆွေးနွေး

ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကဲ (Angela Merkel) (ဆင်ဟွာ)

ဘာလင် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံတွင် ဇူလိုင် ၂ ရက်နေ့ က Frankfurter Allgemeine Zeitung (FAZ) သတင်းစာမှ ဂျာမနီ နိုင်ငံ အစိုးရ အတွင်းရေး သတင်း များကို ကိုးကား၍ ရေးသား ဖေါ်ပြ ခဲ့ပြီးနောက် ဂျာမနီ ဖယ်ဒရယ် ဝန်ကြီးချုပ်ရုံး ဌာနမှူး Peter Altmaier မှ ထို့နေ့ ၌ပင် အမေရိကန် စုံစမ်းရေး ဌာနမှ ဂျာမနီနိုင်ငံ အစိုးရ အရေးကြီး အချက်အလက် များအား ထောက်လှမ်း နားထောင်မှု နှင့်ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး John Emerson အား ခေါ်ယူ ဆွေးနွေး ခဲ့သည်။

ဂျာမနီ ဖယ်ဒရယ် ပြန်ကြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူက ဂျာမနီ ဖယ်ဒရယ် ဝန်ကြီးချုပ်ရုံး ဌာနမှူး Peter Altmaierမှ ဂျာမနီနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး John Emerson အား ခေါ်ယူ ဆွေးနွေးခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့သည်။ သို့သော် အသေးစိတ် အချက်အလက်များကို မပြောကြား ခဲ့ပါ။

FAZ သတင်းစာတွင် ဖေါ်ပြချက်အရ Peter Altmaier မှ John Emerson အား အရေးပေါ် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဇူလိုင် ၁ ရက်နေ့က ဂျာမနီ မီဒီယာ များတွင် ဖေါ်ပြခဲ့ကြသည့် အမေရိကန် စုံစမ်းရေး ဌာနမှ ကာလ တစ်လျှောက်လုံး ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကဲ (Angela Merkel) အပါအဝင် ဂျာမနီ အစိုးရ ဌာန များစွာနှင့် နိုင်ငံရေး သမားများ၏ ဖုန်းများကို ထောက်လှမ်း နားထောင်ခဲ့မှု နှင့်ပတ်သက်ပြီး ဖြေရှင်းချက် ပေးရန် တောင်းဆို ခဲ့ကြောင်း ရေးသား ထားသည်။

ဂျာမနီ နိုင်ငံ Süddeutsche Zeitung (SZ) သတင်းစာမှ ဇူလိုင် ၁ ရက်နေ့က “WikiLeaks” ၏အချက်အလက် များဖြင့် ဂျာမနီ ဝန်ကြီးချုပ် အပြင် ဂျာမနီ ဖယ်ဒရယ် အစိုးရ ဌာနနှင့် အဓိက ခေါင်းဆောင် များသည် အမေရိကန် စုံစမ်းရေး ဌာန၏ ထောက်လှမ်း နားထောင်ခြင်းခံနေရကြောင်း ၊ အဓိက အားဖြင့် စီးပွားရေး ၊ ဘဏ္ဍာရေး ၊ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေး စသည့် ဌာန များပါဝင်ပြီး ဖုန်းနံပါတ်ပေါင်း ၆၉ ခုရှိကြောင်း ရေးသား ဖော်ပြခဲ့သည်။

ယခု ထွက်ရှိလာသော သတင်းကြောင့် ဂျာမနီ နိုင်ငံတွင် ထပ်မံ ဝေဖန်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဂျာမနီ ဝန်ကြီးချုပ်၏ လက်ကိုင်ဖုန်းသည် အမေရိကန် စုံစမ်းရေး ဌာန၏ ထောက်လှမ်း နားထောင်မှု ခံနေရကြောင်း သတင်း ထွက်ပေါ်လာ ခဲ့ပြီး နောက် ဂျာမနီ အစိုးရမှ အမေရိကန် အနေဖြင့် ချက်ချင်း ဖြေရှင်းချက် ပေးရန် တောင်းဆိုခဲ့သည်။ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကဲ (Angela Merkel) မှလည်း အမေရိကန် သမ္မတ အိုဘားမား ထံဖုန်းခေါ်ဆို၍ ဤလုပ်ရပ်မျိုး ဆောင်ရွက်ခြင်းသည် “ယုံကြည်မှုကို ပြင်းထန်စွာ ဖောက်ဖျက်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117