Europe
ဂျာမနီ မြောက်ပိုင်းတွင် ရွက်လှေ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိ

ဘာလင်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ မြောက်ပိုင်း Minden ဆိပ်ကမ်းမြို့တွင် ဇူလိုင်လ ၁၁ ရက် နှောင်းပိုင်းက ရွက်လှေ တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲ သတင်းရင်းမြစ်ကို ကိုးကား၍ ဂျာမန် သတင်းဋ္ဌာန dpa က ဇူလိုင်လ ၁၃ ရက် နံနက် အစောပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရသူ အများစုမှာ ရွက်လှေ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် မီးသတ်သမားများ ဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာရသူတွေအနက် ၆ ဦးက စိုးရိမ်ရတယ်၊ အဲဒီ ၆ ဦးအနက် တစ်ယောက်ကတော့ အခြေအနေ တော်တော် စိုးရိမ်ရတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။
ထိုပေါက်ကွဲမှုကြောင့် ရွက်လှေမှာ လေထဲသို့ မီတာပေါင်းများစွာ မြောက်တက်သွားသလို အနီးတွင် ရပ်ထားသည့် ကား တစ်စီးလည်း ပျက်စီးသွားခဲ့ကြောင်း၊ အခြား လှေ နှစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ရဲတပ်ဖွဲ့ဝင်များကမူ စက်လှေ၏ ဘတ်ထရီကြောင့် ပေါက်ကွဲရခြင်း ဖြစ်သည်ဟု သံသယရှိသည်ဟု ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ခန့်မှန်းပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ယူရို ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၄,၀၀၀) ခန့်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)