Connect with us

Europe

နယ်သာလန်တွင်ကျင်းပမည့် ဥရောပ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ၌ တိုက်ခိုက်မှုများပြုလုပ်ရန် IS စစ်သွေးကြွအဖွဲ့ လှုံ့ဆော်တိုက်တွန်း

နယ်သာလန်နိုင်ငံ Utrecht မြို့ရှိ Galgenwaard အားကစားကွင်း အားအပြင်မှ တွေ့ရစဉ် (ဆင်ဟွာ)

နယ်သာလန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ Utrecht မြို့ရှိ Galgenwaard အားကစားကွင်းတွင် ဥရောပ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖြစ် အင်္ဂလန်နိုင်ငံ နှင့် စကော့တလန်နိုင်ငံ အသင်းများ ယှဉ်ပြိုင်ကစားကြမည့် ဇူလိုင် ၁၉ ရက်တွင် အားကစားကွင်းအား တိုက်ခိုက်ရန် IS စစ်သွေးကြွအုပ်စုက ဆက်သွယ်ရေး အပလီကေးရှင်းတစ်ခုဖြစ်သော Telegramမှ တစ်ဆင့် လှုံ့ဆော်တိုက်တွန်းခဲ့ကြောင်း နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများရှာဖွေရေးအဖွဲ့ (SITE) က ဇူလိုင် ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

လေးနှစ်တစ်ကြိမ်ပြုလုပ်သော ဥရောပအမျိုးသမီး ဘောလုံးအသင်းများဆိုင်ရာ နိုင်ငံတကာဘောလုံးပြိုင်ပွဲ ကျင်းပရေးအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ က ၎င်းတို့သည် နယ်သာလန်နိုင်ငံ အကြမ်းဖက်မှု နှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ နှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

၎င်း က တိုက်ခိုက်မှုနှင့် ပတ်သက်၍ NCTVက ကြိုတင်သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စအား သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဖျက်သိမ်းမည့်အကြောင်းကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း သိရသည်။

NCTV က ၎င်းသည် တိုက်ခိုက်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသော်လည်း ယခုအချိန်တွင် နောက်ထပ် သတင်းအချက်အလက်များကို ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လ အစောပိုင်းတွင်လည်း လန်ဒန်မြို့ရှိ Wimbledon ဘောလုံးပြိုင်ပွဲ နှင့် အမေရိကန်နိုင်ငံရှိ ဇူလိုင် ၄ရက် အထိမ်းအမှတ်ပွဲများအား IS စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ရန် တိုက်တွန်းခဲ့ကြောင်း SITE ကဖော်ပြခဲ့သည်။

SITE သည် မီဒီယာများအပါအဝင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလုပ်လုပ်ပေးနေပြီး ၎င်းတို့၏ ကျွမ်းကျင်သူများသည် ဝက်ဘ်ဆိုက်များ၊ ဖိုရမ်ဆွေးနွေးမှုများ နှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ကို စစ်ဆေးစောင့်ကြည့်ပေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.