Connect with us

Europe

အိုလံပစ် အားကစားပွဲ နှစ်ခုအား လော့စ်အိန်ဂျလိစ်နှင့် ပဲရစ်တို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

(ဝဲမှယာ) လော့စ်အိန်ဂျလိစ် မြို့တော်ဝန် Eric Garcetti ၊ နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ် ဘတ်ခ်ျနှင့် ပဲရစ် မြို့တော်ဝန် အန်း ဟစ်ဒဲလ်ဂို တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လာ့စန်းန်၊ ဆွစ်ဇာလန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

သက္ကရာဇ် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်များတွင် ကျင်းပမည့် အိုလံပစ် အားကစားပွဲများအတွက် အိမ်ရှင်နိုင်ငံများကို နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) က ဇူလိုင်လ ၁၁ ရက်တွင် တစ်ညီတစ်ညွတ်တည်း မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဇွန်လ အစောပိုင်းက ပြုလုပ်ခဲ့သည့် ၁၃၀ ကြိမ်မြောက် IOC အစည်းအဝေးသို့ အဖွဲ့ဝင် ၈၃ ဦးစလုံး တက်ရောက်ခဲ့ပြီး IOC အမှုဆောင်ဘုတ်အဖွဲ့က ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ အော်စလို၊ ရောမ၊ ဘူဒါပတ်စ် (Budapest) ၊ မြူးနစ်ရှ် စသည့် မြို့ကြီးများက အိုလံပစ်အားကစားပွဲ လက်ခံကျင်းပရန် လျှောက်ထားမှုမှ နုတ်ထွက်ခဲ့ကြပြီးနောက် လော့စ်အိန်ဂျလိစ်နှင့် ပဲရစ် နှစ်မြို့သာ ၂၀၂၄ ခုနှစ် အိုလံပစ် အားကစားပွဲအတွက် အိမ်ရှင်နိုင်ငံများအဖြစ် ယှဉ်ပြိုင်ရန် ကျန်ရှိခဲ့သည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် အိုလံပစ်အားကစားပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး နောက်ဆုံး ဆုံးဖြတ်ချက်အား စက်တင်ဘာလ ၁၃ ရက်တွင် ပီရူးနိုင်ငံ လီမာမြို့၌ ပြုလုပ်မည့် ၁၃၁ ကြိမ်မြောက် IOC အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရန် နောက်ဆုံးအဆင့်အထိ ဆုံးဖြတ်ချက် လိုအပ်နေသေးသော်လည်း ထို စီမံကိန်းသည် အိုလံပစ် လှုပ်ရှားမှု အနာဂတ်အတွက် ရွှေရောင် အခွင့်အရေး ဖြစ်ကြောင်း IOC ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.