Connect with us

Europe

စပိန် နိုင်ငံ တွင် ရထား နှစ်စင်း တိုက်မှု ဖြစ်ပွား လူ တစ်ဦး သေဆုံး ရာနှင့်ချီ၍ ဒဏ်ရာရရှိ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ၌ စပိန် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရထား တိုက်မှုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက်ဒရစ် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

စပိန် နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဘာစီလိုနာ မြို့ အနီးတွင်း ဖေဖော်ဝါရီ ၈ ရက် ၌ ရထား နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူ အနည်းဆုံး ၁ ဦး သေဆုံး ခဲ့ပြီး ၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စပိန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရထား တိုက်မှုကြောင့် ရထားမောင်းသူ တစ်ဦး သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိသူ ၉၅ ဦး အနက် ၃ ဦး မှာ ဒဏ်ရာ လွန်စွာ ပြင်းထန်ကြောင်း သိရှိရသည်။စပိန် နိုင်ငံ အမျိုးသား ရထားလမ်း ကုမ္ပဏီ ၏ ထုတ်ပြန်ကြေညာချက် အရ ရထား နှစ်စင်းသည် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ပြီး အချင်းဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။၂၀၁၈ ခုနှစ် နိုဝင်ဘာလ တွင်လည်း ယခု အချင်းဖြစ်ပွားရာ ရထားလမ်းပိုင်းတွင် ရထား တွဲချော်မှု ဖြစ်ပွား ခဲ့ရာ ၁ ဦး သေဆုံး ခဲ့ပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)