Connect with us

Europe

တူရကီ နိုင်ငံ တွင် လူနေ တိုက်ခန်း ပြိုကျမှု ဖြစ်ပွား ခဲ့ရာ သေဆုံးသူ ၁၀ ဦး အထိ ရောက်ရှိလာ

ဖေဖော်ဝါရီ ၆ ရက် ၌ တူရကီ နိုင်ငံ တွင် ပြိုကျခဲ့သည့် အဆောက်အဦ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အစ္စတန်ဘူလ် ပြည်နယ် အုပ်ချုပ်ရေးမှူး က အစ္စတန်ဘူလ်မြို့ တွင် ဖြစ်ပွား ခဲ့သည့် လူနေ တိုက်ခန်း ပြိုကျမှုကြောင့် သေဆုံးသူပေါင်း ၁၀ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး သတင်း ဖေါ်ပြချက်များ အရ ဒဏ်ရာရရှိသူ ၁၃ အထိ ရောက်ရှိလာကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် ကယ်ဆယ်ရေး အဖွဲ့ဝင် များ က အချင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသူ ၇ ဦး ထပ်မံ တွေ့ရှိခဲ့သော ကြောင့် သေဆုံးသူ ၁၀ ဦး အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။သတင်းဖော်ပြချက်များအရ ကယ်ဆယ်ရေး အဖွဲ့ဝင်များ က အချင်းဖြစ်ပွားရာ နေရာ တွင် ဒဏ်ရာရရှိနေသည့် ၅ နှစ်အရွယ် အမျိုးသမီး ကလေးငယ် ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။အဆိုပါ ပြိုကျသွားသော အဆောက်အအုံ က အထပ် ၈ ထပ် ရှိပြီး ဖေဖော်ဝါရီ ၆ ရက် တွင် ရုတ်တရက် ပြိုကျသွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အဆောက်အအုံ တွင် လူ ၄၃ ဦးခန့် နေထိုင်ပြီး အချင်းမဖြစ်ပွားမည် ပတ်ဝန်းကျင်ရှိ လူများက ပေါက်ကွဲသံ ကြားခဲ့ရကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။(xinhua)