Europe
ဒိန်းမတ်နိုင်ငံတွင် ရထားတိုက်မှုကြောင့် လူပေါင်းများစွာ သေဆုံး
စတော့ဟုမ်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံရှိ တံတားတစ်စင်းပေါ်တွင် ယနေ့ (ဇန်နဝါရီလ ၂ ရက်) ရထားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း Swedish Television က သတင်းတင်ပြချက်အရ သိရသည်။
တံတားတစ်စင်းပေါ်တွင် ကုန်စည်တင်ရထားတစ်စင်းပေါ်မှ တာပေါ်လင်စတစ်ခု လွင့်ထွက်သွားကာ မျက်နှာချင်းဆိုင်မှလာသော ခရီးသည်ရထားတစ်စင်းနှင့် တိုက်မိသဖြင့် လူပေါင်းများစွာ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရသူအရေအတွက်ကိုလည်း မသိရှိရသေးပေ။
နိုင်ငံအနောက်ပိုင်း Funen ကျွန်းနှင့် အရှေ့ပိုင်း Zealand ကျွန်းများအား ချိတ်ဆက်ထားသည့် ၆,၀၀၀ မီတာရှည်သော Storebaeltsbroen တံတားသည် အမြန်လမ်းမကြီးနှင့် ရထားလမ်းပူးတွဲပါတံတားတစ်ခု ဖြစ်သည်။ (Xinhua)