Connect with us

Europe

ရုရှားသမ္မတ ပူတင် နှင့် ပြင်သစ်သမ္မတ မက်ခရွန်းတို့ ဆီးရီးယား နှင့် ယူကရိန်အရေး တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဝဲ) နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်း (ယာ)တို့အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်း (Emmanuel Macron) တို့သည် ဆီးရီးယားအရေးသဘောတူညီချက်၊ ယူကရိန်းနိုင်ငံ နှင့် ဆက်စပ်နေသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ ဇန်နဝါရီ ၂ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ ၂ဦးတို့သည် ဆီးရီးယားနိုင်ငံ ပဋိပက္ခဖြေရှင်းမှုအရေးကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကော်မတီတစ်ခု ဖြစ်ပေါ်လာရေး နိုင်ငံ ၄ခု သဘောတူညီချက် ကို ဦးစားပေးပြောဆိုခဲ့ကြောင်း ကရင်မလင်နန်းတော်ကပြောကြားခဲ့သည်။

ပူတင်၊ မက်ခရွန်း၊ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် အောက်တိုဘာ ၂၇ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သော ထိပ်သီးအစည်းအဝေးတစ်ခု တွင် ဆီးရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကော်မတီတစ်ခု တည်ဆောက်ရေးအတွက် သဘောတူညီခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂ရက် တယ်လီဖုန်းပြောဆိုမှုအတွင်း ပူတင် နှင့် မက်ခရွန်း တို့သည် ယူကရိန်းနိုင်ငံ ပဋိပက္ခနှင့်ပတ်သက်၍ အမြင်များ ဖလှယ်ခဲ့ပြီး Kerch ရေလက်ကြား၌ နိုဝင်ဘာ ၂၅ ရက်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပေါ် တာဝန်ယူမှု နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်ကပြောကြားခဲ့သည်။

ပင်လယ်နက်ရှိ Kerch ရေလက်ကြားမှ Azov ပင်လယ်ကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် ယူကရိန်းရေတပ်သင်္ဘော ၃စီးကို ရုရှားရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှု ဖြင့် စွပ်စွဲပြီး ရုရှားနိုင်ငံ က ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့၏ တင်းမာမှု မြင့်တက်လာခဲ့သည်။

သို့သော် ယူကရိန်းအစိုးရဘက်က ၎င်းတို့သည် ယင်းအဖြစ်အပျက်မတိုင်ခင် ရုရှားဘက်သို့ အသိပေးအကြောင်းကြားခဲ့ကြောင်းနှင့် ဖမ်းဆီးခံသင်္ဘောသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ရှေ့နေများစီစဉ်ထားကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.