Connect with us

Europe

ဘရာဇီးနိုင်ငံ သမ္မတအဖြစ် ဂျေအာ ဘိုဆိုနာရို ကျမ်းသစ္စာကျိန်ဆို


ဘရပ်ဇီးလီးယား၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

စစ်တပ် ဗိုလ်ကြီး တစ်ဖြစ်လဲ နိုင်ငံရေးသမား ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ဘရာဇီးနိုင်ငံ ၃၈ ယောက်မြောက် သမ္မတအဖြစ် လုံခြုံရေးအခြေအနေ မြင့်တက်နေသည့်ကြားမှ ဇန်နဝါရီလ ၁ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သော ဘိုဆိုနာရိုသည် မြို့တော် ဘရာဇီးလီးယားရှိ အမျိုးသားလွှတ်တော်တွင် ကျင်းပသော အခမ်းအနားတွင် ဒေသစံတော်ချိန် မွန်းလွဲ ၃း၁၀ နာရီက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ဘရာဇီး နိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ရှေးရိုးစွဲ Social Liberal Party ဝင်တစ်ဦးဖြစ်သူ ဘိုဆိုနာရိုနှင့် ၎င်း၏ ဒုတိယသမ္မတ အငြိမ်းစားဗိုလ်ချုပ်ကြီး ဟမ်မီလ်တန် မော်ရိုအို (Hamilton Mourao) တို့က အခြေခံဥပဒေကို စောင့်ထိန်း ကာကွယ်ပြီး လေးစားလိုက်နာမည် ဖြစ်ကြောင်း၊ ဥပဒေကို စွဲမြဲစွာ လိုက်နာကာ ပြည်သူလူထု၏ အထွေထွေ ကြွယ်ဝချမ်းသာရေး မြှင့်တင်မည်ဖြစ်ကြောင်း၊ စည်းလုံးသော၊ တည်တံ့ခိုင်မြဲသော၊ လွတ်လပ်သော ဘရာဇီးနိုင်ငံကို အကျိုးပြုသွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနှင့် ပါရာကွေး၊ ဥရုဂွေး၊ ဘိုလီးဗီးယားနှင့် ဟွန်ဒူးရပ်စ် နိုင်ငံများမှ သမ္မတများ အပါအဝင် ပြည်ပ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.