Connect with us

Europe

ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ လက်ဝယ်ထားရှိမှုဖြင့် ၁၄နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးအား ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

ဘယ်လ်ဂျီယံနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၉ရက် (ဆင်ဟွာ)

ဘရပ်ဆဲလ်မြို့ အများပြည်သူဆိုင်ရာ အစိုးရရှေ့နေရုံးက ၁၄နှစ်အရွယ် ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး၏ ကျောပိုးအိတ်ထဲ၌ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပါဝင်သော ပုလင်းတစ်လုံးအားတွေ့ရှိခဲ့၍ ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒီဇင်ဘာ ၁၈ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ယောကျာ်းလေးအား ဘရပ်ဆဲလ်မြို့ Molenbeek ခရိုင် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အခြားရွယ်တူဆယ်ကျော်သက် သုံးဦး နှင့်အတူ မီးဖြင့်ကစားနေစဉ် တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ခေါ်ယူမေးမြန်းခဲ့ကြောင်း အစိုးရရှေ့နေရုံးပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Ine Van Wymersch၏ ပြောကြားချက်အရ သိရသည်။

ရဲတပ်ဖွဲ့က အစောပိုင်း တွေ့ရှိခဲ့သည့် ပုလင်းတစ်လုံးအပြင် ပုံစံတူ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား ယင်းဆယ်ကျော်သက် ယောကျာ်းလေး၏ အိပ်ယာပေါ်၌ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းသည် အွန်လိုင်းပေါ်မှ ဗုံးလုပ်နည်း ဗွီဒီယိုများကို ကြည့်ရှု၍ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းက ဗီဒီယိုဂိမ်းများတွင် တွေ့မြင်ခဲ့သည့် ပစ္စည်းတစ်ခုအား ဖန်တီးရန် ကြိုးစားခဲ့ခြင်းသာဖြစ်ကြောင်း အစိုးရရှေ့နေအား ရှင်းပြခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း အဆိုပါဖြစ်ရပ်သည် အကြမ်းဖက်မှု တစ်ခုခု နှင့် ဆက်စပ်သည် ဟူသော ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။

၎င်းက ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သော ပစ္စည်းများသည် ဈေးဆိုင်များ၌အလွယ်တကူပင် ဝယ်ယူနိုင်သော ပစ္စည်းများဖြစ်ကြောင်း၊ ဆယ်ကျော်သက် ယောကျာ်းလေး၏ ပုံစံမှာလည်း အစွန်းရောက်သော ပုံစံမဟုတ်သည့်အပြင် ၎င်းပြောဆိုသည့်စကားများအရ အကြမ်းဖက်မှုပြုလုပ်မည့် အရိပ်အယောင်မတွေ့ရကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

သို့သော် အဆိုပါ ယောကျာ်းလေးအား လူငယ်ထိန်းသိမ်းရေးစခန်း၌ အမှုစစ်ဆေးစဉ်ကာလအတွင်း ထိန်းသိမ်းထားမည်ဖြစ်ပြီး အခြား ဆယ်ကျော်သက်သုံးဦးကိုမူ လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.