Connect with us

Europe

ရုရှား လေယာဉ် ပျက်ကျမှုအတွက် တရုတ် သမ္မတ ရှီက ရုရှား သမ္မတ ပူတင်ထံ ဝမ်းနည်းကြောင်း ပြောကြား

ပျက်ကျခဲ့သည့် ရုရှား လေယာဉ်မှ Black Box အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စစ်လေယာဉ် ပျက်ကျမှုအပေါ် ကြေကွဲဝမ်းနည်းကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ထံသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၂၆ ရက်က ပေးပို့ခဲ့သည်။

ရုရှား လေယာဉ် ပျက်ကျသွားပြီး ကံမကောင်းစွာဖြင့် ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများအားလုံး သေဆုံးခဲ့ရသည့် သတင်း ကြားရသည့်အတွက် တုန်လှုပ်မိခဲ့ကြောင်း သတင်းစကား၌ ရှီက ပြောကြားထားသည်။

ယခုလို ဖြစ်ရပ်ဆိုးအတွက် စာနာမိသလို သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်းနှင့် ဆွေမျိုးရင်းခြာ ဆုံးရှုံးသွားခဲ့ရပြီး ပူဆွေးသောက ရောက်နေသည့် မိသားစုများအတွက်လည်း ကြေကွဲမိပါကြောင်း တရုတ် အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ရှီက ပြောကြားခဲ့သည်။

ရုရှား စစ်လေယာဉ် Tu-154 သည် ဒီဇင်ဘာလ ၂၅ ရက်က ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၉၂ ဦးလုံး သေဆုံးခဲ့သည်။

ခရီးသည်များအနက် ရုရှား စစ်တပ်၏ နာမည်ကျော် ကွာယာအဖွဲ့ Alexandrov Ensemble ၏ အဖွဲ့ဝင် ၆၄ ဦး နှင့် ရုရှား သတင်းထောက် ၉ ဦး ပါဝင်ကြောင်း၊ ၎င်းတို့သည် နှစ်သစ် ကြိုဆိုပွဲ ပြုလုပ်ရန်အတွက် ဆီးရီးယားနိုင်ငံ ဆိပ်ကမ်း ဖြစ်သော လာတာကီယာမြို့ရှိ Hmeimim လေတပ် အခြေစိုက် စခန်းသို့ ဦးတည် သွားနေခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်သည် မော်စကို စံတော်ချိန် နံနက် ၅း၄၀ နာရီအချိန်တွင် ပင်လယ်နက် အပန်းဖြေစခန်း Sochi မှ ထွက်ခွာခဲ့ပြီးနောက် ရေဒါ ဆက်သွယ်မှုမှ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.