Connect with us

Europe

ပျက်ကျသွားခဲ့သည့် ရုရှား လေယာဉ်၏ အဓိက အစိတ်အပိုင်းများတွေ့ရှိ၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရုရှား ကယ်ဆယ်ရေးသမားများက ဆယ်ယူနိုင်ခဲ့

ပျက်ကျသွားသည့် ရုရှားလေယာဉ်အား ရှာဖွေနေသည့် ကယ်ဆယ်ရေး အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့သည့် ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနပိုင် Tu-154 ခရီးသည်တင် လေယာဉ်၏ အဓိက အစိတ်အပိုင်းများအား ပင်လယ်ထဲမှ ဆယ်ယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ဖော်ပြထားသည့် ရုရှား သတင်း အေဂျင်စီ RIA Novosti အရ သိရသည်။

လေယာဉ် ပျက်ခဲ့သည့် နေရာတွင် ရှာဖွေရေး လုပ်ငန်းများအား ရုရှား ကယ်ဆယ်ရေးသမားများက အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံ တရားဥပဒေ စိုးမိုးရေး အေဂျင်စီ ကိုယ်စား ပြောကြားချက်အား ကိုးကား၍ RIA Novosti က ဖော်ပြထားသည်။

အဆိုပါ လေယာဉ် ပျက်ကျသည့် နေရာ၌ သေဆုံးသူ ၁၉ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကာ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိနိုင်ရန် မော်စကိုမြို့သို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနပိုင် Tu-154 ခရီးသည်တင် လေယာဉ်သည် ဒီဇင်ဘာလ ၂၅ ရက် အစောပိုင်းက ဝန်ထမ်း ၈ ဦး အပါအဝင် ခရီးသည် ၉၂ ဦးအား တင်ဆောင်ကာ မော်စကိုမှ ဆီးရီးယားသို့ ထွက်ခွာလာစဉ် ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.