Connect with us

Europe

ပြင်သစ် နိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ဦးရေ အယောက် တစ်ရာကျော် အထိ ရောက်ရှိလာခဲ့ကာ တစ်နိုင်ငံလုံးအား အရေပေါ်အခြေအနေ ကြေညာ

ပြင်သစ် နိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွား ခဲ့ပြီး တစ်နိုင်ငံ လုံးအား အရေးပေါ် အခြေအနေ ကြေညာကာ လုံခြုံရေး အထူးတင်းကြပ်စွာ ချထားသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တွင် နိုဝင်ဘာ ၁၃ ညက နေရာ အနှံ့အပြားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးသူ ၁၁၂ ဦး ရှိခဲ့ပြီး ဆယ်နှင့်ချီသော ပြည်သူ များ ဒဏ်ရာ ရရှိခဲ့ကာ ပြင်သစ် နိုင်ငံ သမ္မတ François Hollande မှ တစ်နိုင်ငံ လုံးအား အရေးပေါ် အခြေအနေ အဖြစ် ကြေညာခဲ့သည်။

ပဲရစ်မြို့ တွင် နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင် အနည်းဆုံး ၆ နေရာခန့်တွင် သေနတ် ပစ်ခတ်မှု များဖြစ်ပွား ခဲ့ပြီး ဆယ်နှင့်ချီသော ပြည်သူများ သေဆုံး ခဲ့ရသည် ။ ထို့ပြင် ပဲရစ်မြို့ အပိုင်း ၁၁ ရှိ Bataclan ပြဇာတ်ရုံ တွင်လည်း ၁၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် သမားများ ဝင်ရောက်ကာ ပြဇတ်ရုံ အတွင်းရှိ ပရိတ်သတ် များအား ထိန်းချုပ်ခဲ့သည်။ ဒေသ စံတော်ချိန် ၁၄ ရက်နေ့ မနက်ပိုင်း ခန့်တွင် ပြင်သစ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ မှ ပြဇာတ်ရုံ အတွင်းသို့ စတင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမား နှစ်ဦးကို ပစ်ခတ် နိုင်ခဲ့ပြီး လက်ရှိချိန် တွင် ပြဇာတ်ရုံတွင် သေဆုံးသူ ၇၀ ဦးခန့် ရှိပြီး ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ပြင် ပဲရစ်မြို့ မြောက်ပိုင်းရှိ အားကစား ရုံ တစ်ခု အနီးတွင် လည်း ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွာချိန်သည် အားကစား ရုံ အတွင်း၌ ပြင်သစ် နိုင်ငံ အမျိုးသား လက်ရွေးစင် အသင်း နှင့် ဂျာမနီ နိုင်ငံ အမျိုးသား လက်ရွေးစင် အသင်းသို့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစား နေစဉ် ဖြစ်သည်။

အကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက်တွင် ပြင်သစ် နိုင်ငံ သမ္မတ François Hollande မှ ယခု ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှု သည် အလွန်ဆိုးရွားသော သမိုင်တွင်စေသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း ၊ ၁၃ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှု များကြောင့် သေဆုံးသူ အယောက် တစ်ရာကျော် ရှိခဲ့ပြီး အများအပြား ဒဏ်ရာရရှိစေခဲ့ကြောင်း ၊ ပြင်သစ် နိုင်ငံ အစိုးရ အနေဖြင့် အသုံးပြုနိုင်သည့် အင်အား အားလုံးကို အသုံးပြုကာ အကြမ်းဖက် သမားများကို ခြေမှုန်းသွားမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ပြင်သစ် နိုင်ငံ အနေဖြင့် တည်ငြိမ်စွာ ၊ စည်းလုံးစွာ ဖြင့် ပိုမို ကြီးမား သည့် အင်အား တစ်ရပ် ကို ပြသရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)