Connect with us

Europe

စတန်ဒတ်ချာတာက အလုပ်အကိုင် ၁၅,၀၀၀ လျှော့ချပြီး ပေါင် ၃.၃. ဘီလီယံ မြင့်တက်အောင် ပြုလုပ်

ဗြိတိန်နိုင်ငံရှိ စတန်ဒတ်ချာတာ ပီအယ်လ်စီ (Standard Chartered PLC) ဘဏ်လုပ်ငန်း အဆောက်အအုံ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ အခြေစိုက် ဘဏ်လုပ်ငန်း အုပ်စုဖြစ်သော စတန်းဒတ်ချာတာ ပီအယ်လ်စီ (Standard Chartered PLC) သည် ၂၀၁၈ ခုနှစ် နောက်ဆုံးထား၍ အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ လျှော့ချခြင်းဖြင့် ဘဏ်အတွက် ပေါင် ၃.၃ ဘီလီယံ ပိုမို ထွက်ရှိစေရန် ပြုလုပ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ကြေညာခဲ့သည်။

ယင်းသို့ အလုပ်အကိုင် လျှော့ချခြင်းသည် လာမည့် သုံးနှစ်တာအတွင်း ကုမ္ပဏီ ပြန်လည် ဖွဲ့စည်းခြင်း အစီအ စဉ်၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ တတိယ သုံးလပတ်အတွင်း စိတ်ပျက်ဖွယ် အရှုံးပေါ်ခဲ့ ပြီးနောက် ပြန်လည် ဖွဲ့စည်းခြင်း အစီအစဉ်အား ကြေညာလိုက်ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် တတိယ သုံးလပတ်တွင် ဘဏ်လုပ်ငန်း အနေဖြင့် အမေရိကန် ဒေါ်လာ ၁.၅၃ ဘီလီယံ အမြတ်ထွက်ခဲ့သည်။ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၁၅ ခုနှစ် တတိယ သုံးလပတ်တွင် အခွန်ကောက်ခံခြင်း မပြုမီကပင် ဘဏ်လုပ်ငန်း အနေဖြင့် ဒေါ်လာ ၁၃၉ သန်း အရှုံးထွက်ခဲ့သည်။

ဘဏ်လုပ်ငန်း အုပ်စု၏ အမှုဆောင် အရာရှိချုပ် ဘီလ် ဝင်းတားက “ဈေးကွက် အတွင်းရှိ စီးပွားရေး ဝန်းကျင်ဟာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပြီး ကျွန်တော်တို့ရဲ့ မကြာမီက လုပ်ဆောင်မှုတွေမှာ စိတ်ပျက်ဖွယ် ဖြစ်နေရပါသေးတယ်၊ ဒီနေ့ ကျွန်တော်တို့ ကြေညာထားတဲ့ မဟာဗျူဟာက အပြောင်းအလဲကြီး တစ်ခု ဖြစ်ပြီး ရှေ့ဆက် လုပ်ဆောင် ရမှာကို ကျွန်တော်တို့ ကိုယ်တိုင် စီမံခန့်ခွဲရမှာပါ” ဟု ပြောသည်။

ထို့အပြင် လန်ဒန် အခြေစိုက် ထိုဘဏ်လုပ်ငန်း ကုမ္ပဏီသည် လာမည့် သုံးနှစ်အတွင်း မဟာဗျူဟာ အခွင့်အရေး၊ နည်းပညာသစ် ဖလှယ်ရေး၊ လုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲမှု စနစ် အဆင့်မြှင့်ခြင်းများအတွက် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ (Xinhua)