Connect with us
Europe
ပြင်သစ်နယ်စပ် အခြေအနေ ထိန်းသိမ်းထားနိုင် ခဲ့ပြီး ပိတ်ထားရန် အစီအစဉ်မရှိဟုဆို
ပဲရစ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ပဲရစ်တွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် ပြင်သစ်နိုင်ငံ နယ်စပ်များအား လုံးဝ ပိတ်လိုက် မည် မဟုတ်ဘဲ အခြေအနေ ပြန်ပြီးထိန်းထားလိုက်နိုင်သည်ဟု ပြင်သစ် သမ္မတရုံးမှ စနေနေ့ နံနက် အစော ပိုင်းက ရှင်းရှင်းလင်းလင်း ပြောကြားလိုက်သည်။
“နယ်စပ် အခြေအနေကို အချိန်မီ ထိန်းသိမ်းထားဖို့ သမ္မတက ဆုံးဖြတ်လိုက်တယ်” ဟု Elysee အိမ်တော်မှ နိုင်ငံတော် ကောင်စီဝင် ဝန်ကြီးများ၏ အရေးပေါ် အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်တွင် ပြောသည်။
Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi; mso-fareast-language:EN-US;}
ပဲရစ် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ရဲများ လုံခြုံရေး တင်းကြပ်စွာချထားမှုအား မြင်တွေ့ရစဉ်။(ဆင်ဟွာ)
အဆိုပါ အကြမ်းဖက်မှုများကြောင့် သောကြာနေ့ညတွင် နိုင်ငံတစ်ဝန်းလုံးတွင် အရေးပေါ်အဆင့် ကြေညာ ခဲ့သည်။
Elysee အိမ်တော်မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် မြို့တော်အတွင်း အရေးပေါ်အဆင့် ကြေညာ ထားခဲ့သလို ကာကွယ်ရေးနှင့် လုံခြုံရေး ဇုန်များတည်ထောင်၍ လူအများ သွားလာခြင်းများကိုလည်း တားမြစ် ထားကြောင်း ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန သတင်းအရ လေဆိပ်များ၊ ရထားဘူတာရုံများကိုတော့ ဖွင့်လှစ်ထားဆဲဖြစ်ပြီး ဝန်ဆောင်မှုနှင့် လုံခြုံရေးများအတွက် အာမခံထားသည်ဟု ဖော်ပြထားသည်။
ပဲရစ်နှင့် အနီးဝန်းကျင် ဆင်ခြေဖုန်းဒေသများ၌ သေနတ်ပစ်ခတ်မှုနှင့် ပေါက်ကွဲမှု ဖြစ်စဉ်များ အတွင်း အနည်း ဆုံး လူပေါင်း ၁၂၀ ဦး သေဆုံးခဲ့ကြောင်း ပဲရစ် တရားလိုရှေ့နေ ဖရန်ဆွာ မိုလင်းက စနေနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါရှေ့နေ၏ အဆိုအရ အမျိုးသား အားကစားရုံအနီးပေါက်ကွဲမှုနှင့် ပဲရစ်မြို့ ကဇာတ်ရုံတွင် သေနတ် ပစ်ခတ်မှုတို့၌ သံသယရှိသူ အနည်းဆုံး ငါးဦးရှိကြောင်း သိရသည်။(Xinhua)