Connect with us

Europe

ဘာလင်ခရစ်စမတ်ဈေးပွဲတော် တိုက်ခိုက်ခံရခြင်းမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်ပြော

ဘာလင်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ခရစ်စမတ်ဈေးပွဲတော်အား ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည် လုပ်ရပ်မှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ခရစ်စမတ်ဈေးပွဲတော်ကို ဝင်တိုက်ခဲ့သော ကုန်တင်ယာဉ်မောင်းနှင်လာသူမှာ အိုင်အက်စ်တပ်ဖွဲ့မှ စစ်သားတစ်ဦးဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့၏ Amaq သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၁၉ ရက် ညနေပိုင်းက ဘာလင်မြို့ရှိ ခရစ်စမတ်ဈေးပွဲတော် ကျင်းပနေသော လူအုပ်ကြီးထဲသို့ ထရပ်ကားတစ်စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၅ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.