Connect with us

Europe

ပိုလန်တွင် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးအတွက် ပင်စင်သက်တမ်းများလျှော့ချ

ပိုလန်နိုင်ငံ ရှိ အောက်လွှတ်တော်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါဆော၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံ သမ္မတ Andrzej Duda သည် ပိုလန်အမျိုးသားများအတွက် ပင်စင်ယူရမည့်အသက်အား ၆၅နှစ် နှင့် ပိုလန်အမျိုးသမီးများအတွက် ၆၀နှစ် အထိ လျှော့ချခဲ့သော ဥပဒေမူကြမ်းအား ဒီဇင်ဘာ ၁၉ရက်တွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်းသည် ၂၀၁၇ခုနှစ် အောက်တိုဘာ ၁ရက်တွင် စတင်အသက်ဝင်လာမည်ဖြစ်ပြီး ယခင်အစိုးရအဖွဲ့က ပြဌာန်းခဲ့သည့် အမျိုးသား နှင့် အမျိုးသမီးများ၏ ပင်စင်ယူသက် ၆၇နှစ်အား တရားမဝင်ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

ပင်စင်သက်တမ်း ဆိုင်ရာ သမ္မတ၏ ဥပဒေမူကြမ်းအား ပြီးခဲ့သည့် ၂၀၁၅ခုနှစ် နိုဝင်ဘာလက အောက်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်းသည် နိုဝင်ဘာလတွင် အောက်လွှတ်တော်ကို ဖြတ်ကျော်၍ ဒီဇင်ဘာ အစောပိုင်းတွင် အထက်လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.