Connect with us

Europe

ဟစ်တလာ မွေးဖွားခဲ့သည့် နေအိမ်အား သြစတြီးယား အစိုးရ မှ နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်း

သြစတြီးယား နိုင်ငံ Braunau မြို့ရှိ ဟစ်တလာ မွေးဖွားခဲ့သည့် နေအိမ်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

သြစတြီးယား ပြည်သူ့လွှတ်တော် ပြည်ထဲရေး ကော်မတီ က နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီး Sobotka မှ အဆိုပြုတင်သွင်းသည့် နာဇီ ဂျာမဏီ နိုင်ငံ ၏ ခေါင်းဆောင် ဟစ်တလာ ၏ မွေးဖွားရာ နေအိမ်ကို နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းမည့် အဆိုကို အတည်ပြု ခဲ့သည်။

ဟစ်တလာ သည် ၁၈၈၉ ခုနှစ်တွင် ဂျာမနီ နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် သြစတြီးယား နိုင်ငံ ၏ Braunau မြို့ရှိ သုံးထပ် အိမ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ဟစ်တလာ ၃ နှစ်အရွယ်တွင် တစ်မိသားစု လုံးသည် ထိုမြို့ငယ်လေး မှ ပြောင်းရွေ့ ခဲ့ကြပြီး ထိုအဆောက်အဦ ၏ ပိုင်ရှင်မှာ ဂျာမနီ နိုင်ငံ Bavaria တွင် နေထိုင်သည့် အဖွားအို တစ်ဦးဖြစ်သည်။ယင်း အဆောက်အဦသည် နှစ်လရှည်ကြာစွာ လူနေထိုင်ခြင်းမရှိသော အဆောက်အဦတစ်ခု ဖြစ်ခဲ့သည်။ သြစတြီးယား အစိုးရ မှ ထိုအဆောက်အဦး ကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း အဖွားအိုမှ ရောင်းချရန် ငြင်းဆန်ခဲ့သည်။ထိုအဆောက်အဦကို နိုင်ငံ ပိုင်အဖြစ်သိမ်းဆည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဤထူးခြားသည့် အဆောက်အဦးအား ပြုပြင်မွမ်းမံရန်ရည်ရွယ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

သြစတြီးယား သတင်းဌာန ၏ ဖော်ပြချက်အရ နိုင်ငံပိုင်အဖြစ်သိမ်းဆည်း ပြီးလျှင် Sobotka က ယင်းအဆောက်အဦ အသုံးချမှု အပေါ်ညှိနှိုင်းဆွေးနွေးမှု များကို ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆောက်အဦ မျက်နှာစာ ပြုပြင်မွန်းမံရန် အတွက်လည်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ ခေတ်သစ်နာဇီဝါဒ နှင့် အစွန်းရောက် လက်ယာသမားများ၏ အထွဋ်အမြတ်နေရာ တစ်ခုမဖြစ်စေရန်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

Sobotka သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ပညာရှင်ကော်မတီ တစ်ခု၏ အကြံပေးချက်အရ အစိုးရမှ ဟစ်တလာ ၏ မွေးဖွာရာ နေအိမ်ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး အလုံးစုံ ပြုပြင်မွမ်းမံမှုများပြုလုပ်မည်ဖြစ်ကာ နာဇီ ဝါဒကို ကိုယ်စားပြုသည့် သင်္ကေတ အကြွင်းအကျန်များကို ဖျက်စီးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။သို့သော် ဟစ်တလာ ၏ မွေးဖွားရာနေအိမ် ကို မည်သို့ဆောင်ရွက်မည်ကို သဘောထား အမြင်အမျိုးမျိုးရှိခဲ့ကြသည်။အချို့မှာ ထိုအဆောက်အဦအား နာဇီ များ၏ အပြစ်များကို ပြန်လည် သုံးသပ်ရန် အထိမ်းအမှတ်နေရာ အဖြစ်ထားရှိလိုကြသောလည်း ဆန့်ကျင်သူများက ယင်းထူးခြားသည့် အဆောက်အဦးသည် ခေတ်သစ်နာဇီဝါဒ အတွက် အထွဋ်အမြတ်နေရာ ဖြစ်တည်သွား မည်ကို စိုးရိမ်ကြသည်။ အချို့သူများက အပြီးပိုင်ဖျက်ဆီး ရန်လိုလားကြသော်လည်း ဆန့်ကျင်သူများက နာဇီ များ၏ အပြစ်များကို ပြန်လည် သုံးသပ်ရန် သင်္ကေတ တစ်ခု မရှိတော့မည် ကို စိုးရိမ်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.