Connect with us

Europe

ပြင်သစ်သမ္မတ ဟိုလန် ၂ဝ၁၇ ရွေးကောက်ပွဲဝင်တော့မည်မဟုတ်ဟု ဆို

ပြင်သစ်နိုင်ငံသမ္မတ ဖရန်ဆွာ ဟိုလန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပါရီ ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံသမ္မတ ဖရန်ဆွာဟိုလန်သည် ကာလရှည်ဖြစ်ပွားလျက်ရှိသော အလုပ်လက်မဲ့ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းမည်ဟု ပေးထားသော ကတိကဝတ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အတွက် လာမည့် ၂ဝ၁၇ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းအတွက် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဒီနေ့မှာ ထောက်ခံမှု လုံလုံလောက်လောက်ရဖို့မဖြစ်နိုင်တော့ဘူးဆိုတာ သတိပြုမိပါတယ်။ ဒါကြောင့် လာမယ့်သမ္မတ ရွေးကောက်ပွဲမှာ အမည်စာရင်း မတင်သွင်းဖို့ဆုံးဖြတ်လိုက်ပါပြီ” ဟိုလန်က ဆိုသည်။

“ ဒီကိစ္စအတွက် ကျွန်တော့်မှာ တာဝန်အားလုံး ရှိပါတယ်။ ဒါပေမယ့် အကောင်းဖက်ကို ရွေ့လျားဖို့ပြောချင်ပါတယ်။ လူတစ်ယောက်အတွက် လောင်းကြေးထပ်တာဘာလဲ။ ဒါပေမယ့် ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ပြင်သစ်နိုင်ငံကို အန္တရာယ်ထဲကျရောက်အောင်ကျွန်တော် မလိုလားပါဘူး” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.