Connect with us

Europe

၂၀၁၈ ကမ္ဘာ့ဖလားပွဲပြီးပါက နိုင်ငံတကာဘောလုံးလောက မှ ရွန်းနီအနားယူမည်

အင်္ဂလန်အသင်း ကပ္ပတိန်တစ်ဦးဖြစ်သူ ဝိန်းရွန်းနီအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အင်္ဂလန်အသင်း ကပ္ပတိန်ဖြစ်သူ ဝိန်းရွန်းနီ က ၎င်းသည် ရုရှားတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲပြီးပါက နိုင်ငံတကာဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၃၀နှစ်အရွယ် ရှိပြီဖြစ်သော မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး ရွန်းနီ က “ရုရှားကို ရောက်တဲ့အချိန်ဟာ နိုင်ငံတကာဘောလုံးလောက ကနေ နှုတ်ဆက်အနားယူဖို့ အချိန်တစ်ခု ဖြစ်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ပြီးတော့ ကျွန်တော် အနားယူဖို့ကိုလည်း စိတ်ပိုင်းဖြတ်ပြီးပါပြီ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ရွန်းနီသည် အင်္ဂလန်အသင်း၏ ပွဲစဉ်ပေါင်း ၁၁၅ပွဲ ၌ အသင်းအတွက် ၅၃ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၎င်းက “ကျွန်တော် အနားယူဖို့က ၂နှစ် လိုပါသေးတယ်။ ကျွန်တော်ဟာ အသက် ၁၆နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား အဖြစ် စတင်ကစားခဲ့ပြီး အသက် ၁၇နှစ်မှာတော့ နိုင်ငံတကာ ပွဲစဉ်တွေမှာ ဝင်ရောက် ကစားခဲ့ပါတယ်။ ယခုဆိုရင် ဘောလုံးကစားတဲ့သက်တမ်း ၁၅နှစ်ရှိပါပြီ။ နောက်လာမည့် ကမ္ဘာ့ဖလားပွဲ ရောက်ရင် ကျွန်တော့်အသက် ၃၄နှစ် ရှိပါပြီ” ဟု ပြောကြားခဲ့သည်။
၎င်းက “အခုအချိန်ထိ ကောင်းမွန်လှတဲ့ နိုင်ငံတကာအလုပ်အကိုင်တစ်ခုကို ရရှိပြီးဖြစ်ပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ မိနစ်တိုင်းကို ကျွန်တော် ကျေနပ်မိပါတယ်” ဟုပြောကြားခဲ့သည်။
ထို့နောက် “ရုရှားမှာ ကျင်းပမယ့် ပွဲစဉ်ဟာ အင်္ဂလန်အသင်းနဲ့ အတူလက်တွဲကစားနိုင်မယ့် ကျွန်တော့်ရဲ့နောက်ဆုံး အခွင့်အရေးဖြစ်နိုင်တဲ့အတွက် ကျန်ရှိနေတဲ့ နှစ်နှစ်အတွင်း ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့အချိန်တွေကို အင်္ဂလန်အသင်းနဲ့အတူ အကောင်းဆုံး ကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.