Connect with us

Europe

ဘာလင်၌ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးတွေ့ရှိ၊ ထောင်ပေါင်းများစွာသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

ဘာလင်မြို့၌ တွေ့ရှိခဲ့သည့် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘာလင်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်တွင် သြဂုတ် ၂၆ ရက်က ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးအားတွေ့ရှိခဲ့၍ ထောင်ပေါင်းများစွာသော လူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးအား အသက်မဲ့အောင် သြဂုတ် ၂၇ ရက် နံနက်အစောပိုင်း၌ ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသခံရဲဝန်ထမ်း တစ်ဦးက နံနက် ၁း၅၆နာရီတွင် ၎င်း၏ တွစ်တာ စာမျက်နှာ၌ ပေါက်ကွဲစေသည့် အရာအားလုံးကို ရှင်းလင်းဖယ်ရှားပြီးဖြစ်၍ အိမ်သို့ပြန်နိုင်ပြီဖြစ်ကြောင်း ရေးသားခဲ့သည်။

ဘာလင်မြို့၏ အနောက်မြောက်ဘက် Pankow ခရိုင် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဒုတိယကမ္ဘာစစ်က လေကြောင်းမှ ကြဲချခဲ့သည့် လက်ကျန် ဗုံးတစ်လုံးအား သြဂုတ် ၂၆ ရက် တွင် တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် တားမြစ်ဧရိယာ တစ်ခု သတ်မှတ်ခဲ့ပြီး ယင်းဧရိယာအတွင်း ရှိ နိုင်ငံခြားသံရုံးတချို့အပါအဝင် များစွာသောအဆောက်အအုံများမှ ထောင်ပေါင်းများစွာသော လူများကို ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117