Connect with us

Europe

တရုတ်နိုင်ငံ ဟန်ကျိုးမှ သြစတြေးလျနိုင်ငံ ဆစ်ဒနီသို့ China Eastern Airlines ကတိုက်ရိုက် လေကြောင်း လိုင်း ပျံသန်းမည်

China Eastern Airlines လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆစ်ဒနီ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် မြို့တော် ဟန်ကျိုးမှ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ တိုက်ရိုက် လေကြောင်း လိုင်းသစ် တစ်ခုအား China Eastern Airlines က နိုဝင်ဘာလတွင် စီးပွားဖြစ် ပျံသန်းမည် ဖြစ်ကြောင်း စက် တင်ဘာလ ၂ ရက် ပြည်တွင်း မီဒီယာက သတင်းတင်ပြထားသည်။

နိုဝင်ဘာလ ၁၆ ရက်တွင် စတင်ပြီး တစ်ပတ်လျှင် သုံးကြိမ် ဝန်ဆောင်မှုပေးမည် ဖြစ်ပြီး ယခု လေကြောင်းလိုင်း သည် တရုတ်နိုင်ငံမှ ဆစ်ဒနီမြို့သို့ ချိတ်ဆက်ပျံသန်းသည့် ၁၂ ခုမြောက် လေကြောင်း ခရီးစဉ်လည်း ဖြစ်သည်။
ယခုလို လေကြောင်း ဝန်ဆောင်မှုသစ်သည် ဒေသခံ စီးပွားရေးအတွက် ဝမ်းမြောက်ဖွယ် ဖြစ်ကြောင်း ဆစ်ဒနီ လေဆိပ် မန်နေဂျင်း ဒါရိုက်တာနှင့် အလုပ်အမှုဆောင်အရာရှိချုပ် ကာရီ မတ်သာက ပြောသည်။
ဟန်ကျိုးမှ တိုက်ရိုက်လေကြောင်းလိုင်းသည် တရုတ်နိုင်ငံသား ခရီးသည် ၂၂,၀၀၀ ဦး ဝင်ရောက်ပြီး တစ်နှစ် လျှင် သြစတြေးလျဒေါ်လာ ၈၈ သန်း (အမေရိကန် ဒေါ်လာ ၆၆.၄၅ သန်း) သုံးစွဲကြမည်ဟု မျှော်မှန်းထား ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဟန်ကျိုးမြို့သည် ခရီးသွား ဧည့်သည်များ၏ ထင်ရှားသည့် ခရီးဆုံး ပန်းတိုင် တစ်ခု ဖြစ်ကြောင်း မတ်သာက ပြောကြားခဲ့သည်။
ထို့ပြင် နယူးဆောက်ဝေးပြည်နယ် ကုန်သွယ်ရေး၊ ခရီးသွားနှင့် အထူး ဖြစ်ရပ်များဆိုင်ရာ ဝန်ကြီး စတူးအတ် အေးယားစ်က ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင် တရုတ်နိုင်ငံမှ ခရီးသွား ဧည့်သည် ၆၃၉,၀၀၀ ဦး ရှိပြီး လွန်ခဲ့သည့် နှစ်များကထက် ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117