Connect with us

Europe

ကမ္ဘာ့ ပထမဦးဆုံး သဘောတူညီချက်ဖြင့် ဟိုက်ဒရိုဂျင်ကို သြစတြေးလျမှ ဂျပန်သို့ တင်ပို့မည်

Kawasaki Heavy Industries ကုမ္ပဏီမှ ဟိုက်ဒရိုဂျင် စွမ်းအင်လောင်စာသုံး သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အညိုရောင် ကျောက်မီးသွေးမှ ထုတ်လုပ်ထားသော ဟိုက်ဒရိုဂျင်ကို သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှ ဂျပန်နိုင်ငံသို့ ကမ္ဘာ့ ပထမဦးဆုံး သဘောတူ စာချုပ်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် သဘောၤဖြင့် တင်ပို့မည် ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် Latrobe တောင်ကြားတွင် ဂျပန်နိုင်ငံ Kawasaki Heavy Industries မှ လည်ပတ်မည့် စက်ရုံမှ ဟိုက်ဒရိုဂျင် အရည်ကို ထုတ်လုပ်မည် ဖြစ်ပြီး ဟိုက်ဒရိုဂျင် စွမ်းအင် လောင်စာသုံး မော်တော်ယာဉ်များ အသုံးပြုရန်အတွက် ဂျပန်သို့ တင်ပို့မည် ဖြစ်သည်။နှစ်နိုင်ငံလုံးမှ ပင်လယ်ရေကြောင်း အာဏာပိုင်များက အဆိုပါ သဘောတူညီချက်အား ကန်ဘာရာ၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ဗစ်ဆိုးရီးယားပြည်နယ် အရင်းအမြစ်ဆိုင်ရာ ယာယီ ဝန်ကြီး Philip Dalidakis က အဆိုပါ စီမံကိန်းမှာ အစောပိုင်း အဆင့်သာ ရှိသေကြောင်း ပြောကြားခဲ့သည်။ဗစ်တိုးရီးယား ပြည်နယ်အစိုးရနှင့် Kawasaki ကုမ္ပဏီတို့သည် အညိုရောင် ကျောက်မီးသွေးမှ ဟိုက်ဒရိုဂျင် ထုတ်လုပ်ခြင်းအား စစ်ဆေးရန် အင်ဂျင်နီယာပိုင်းဆိုင်ရာ လေ့လာမှုများ အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Latrobe တောင်ကြားတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် အလားအလာရှိသော အလေးအနက်ထားရမည့် ရင်းနှီးမြှုပ်နှံမှု အားလုံးကို အစိုးရက စိတ်ဝင်စားကြောင်း Dalidakis က Guardian Australia သို့ ပြောကြားခဲ့သည်။Latrobe တောင်ကြားရှိ Hazelwood စွမ်းအင် စက်ရုံမှာ မသန့်ရှင်းသည့် စက်ရုံအဖြစ် သတ်မှတ်ခံရကာ မတ်လကုန်၌ ပိတ်သိမ်းမည် ဖြစ်ရာ အလုပ်သမား ၁၀၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်သွားမည် ဖြစ်သည်။

အညိုရောင် ကျောက်မီးသွေးမှ ဟိုက်ဒရိုဂျင် ထုတ်လုပ်မည်ဆိုသည့် စီမံကိန်းနှင့် ပတ်သက်၍ စွမ်းအင်နှင့် ဟိုက်ဒရိုဂျင် လောင်စာ ကျွမ်းကျင် ပညာရှင် Patrick Moriarty က “အညိုရောင် ကျောက်မီးသွေးကနေ ထုတ်လုပ်မဲ့ နည်းလမ်းက သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမဲ့ ပုံပါပဲ၊ ဒါပေမဲ့ ဒါကို ဘယ်လို အသုံးပြုမလဲဆိုတာကတော့ ရာသီဥတု ပြောင်းလဲမှုအပေါ် ဘာမှ ဖြစ်စေမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။မဲလ်ဘုန်း အခြေစိုက် ကာဗွန် ထိန်းသိမ်းရေးနှင့် သိုလှောင်ရေး နည်းပညာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tania Constable က Latrobe တောင်ကြားဒေသမှာ အညိုရောင် ကျောက်မီးသွေးက များပြားစွာရှိပြီး ဈေးသက်သာကြောင်း၊ ယင်းကို လောင်ကျွမ်းစေပြီး ဗစ်တိုးရီးယား အတွက် ဟိုက်ဒရိုဂျင် အခြေခံသည့် လျှပ်စစ် ဖြန့်ဖြူးပေးနိုင်သလို အခြား ရည်ရွယ်ချက်များနဲ့ တင်ပို့ ရောင်းချနိုင်ကြောင်း၊ အညိုရောင် ကျောက်မီးသွေးမှ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း ထိန်းသိမ်း သိုလှောင်ထားနိုင်ကြောင်း Guardian သို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.