Connect with us

Europe

Real Madrid အသင်း က ပွဲ ၄၀ ရှုံးပွဲ မရှိ စံချိန် ဖြင့် စပိန် တွင် စံချိန်သစ် တင်


မက်ဒရစ် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

Zidane ဦးဆောင် ကိုင်တွယ်နေသည့် Real Madrid အသင်း သည် စပိန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ၏ ရှုံးပွဲ မရှိ စံချိန်သစ် ကို တင်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က ကျင်းပ ခဲ့သည့် စပိန် ဘုရင်ဖလားပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ် တွင် Sevilla အသင်း ကို ၃ ဂိုး ၃ ဂိုး ဖြင့် သရေကျခဲ့ပြီးနောက် ပွဲ ၄၀ ရှုံးပွဲမရှိ စံချိန်ကို တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင် စပိန် နိုင်ငံ ဘောလုံးကလပ် အသင်း၏ စံချိန်သည် Luis Enrique ကိုင်တွယ်စဉ်က Barcelona အသင်း တင်ရှိခဲ့သည့် ၃၉ ပွဲ ရှုံးပွဲ မရှိစံချိန် ဖြစ်သည်။ လက်ရှိချိန်တွင် ထိုစံချိန်အား Real Madrid အသင်း က ပွဲ ၄၀ ရှုံးပွဲ မရှိ စံချိန်ဖြင့် စံချိန်ချိုးနိုင်ခဲ့သည်။ Real Madrid ၏ နောက်ဆုံးရှုံးပွဲသည် ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့က ချန်ပီယံလိဂ် ပြိုင်ပွဲတွင် Wolfsburg အသင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုနောက်တွင် Real Madrid အသင်း သည် လက်ရှိအချိန်ထိ ရှုံးပွဲ မရှိတော့ဘဲ ၃၁ ပွဲနိုင် ၉ ပွဲ သရေ ဟူသည့် ရလဒ် ကို ပိုင်ဆိုင်ခဲ့သည်။ Real Madrid အသင်း သည် ပြီးခဲ့သည့် ချန်ပီယံလိဂ် ဖလား ၊ ယခု နှစ်ရာသီ၏ UEFA စူပါဖလား နှင့် ဖီဖာ ၏ ကမ္ဘာ့ ကလပ်သတင်းများ ဖလား (FIFA Club World Cup) တို့ကို ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သည်။

Real Madrid အသင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

Real Madrid အသင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာတွင် Real Madrid အသင်း သည် အင်္ဂလန် ကလပ်အသင်း Nottingham Forest F.C ၏ ၁၉၇၈ ခုနှစ်တွင် တင်ရှိခဲ့သည့် ပွဲ၄၀ ရှုံးပွဲမရှိစံချိန်ကို လိုက်မှီခဲ့ပြီး နောက်တစ်ဆင့် အနေဖြင့် အီတလီ စီးရီးအေ ကလပ် အသင်း ဖြစ်သည့် Juventus အသင်း၏ ၄၃ ပွဲ ရှုံးပွဲမရှိစံချိန် ကို ကျော်လွှားနိုင်ရန် စိန်ခေါ်မှု နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.