Connect with us

Europe

အယ်လ်ဘေးနီးယားတွင် အကျဉ်းသား ၇၃၁ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေး

အယ်လ်ဘေးနီးယားနိုင်ငံ တရားရေးရာဝန်ကြီး Ylli Manjani အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီရာနာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အယ်လ်ဘေးနီးယား အာဏာပိုင်များက တရားရေးရာဝန်ကြီးဋ္ဌာမှ အစပြုခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ ဇန်နဝါရီလ ၁၅ ရက်တွင် အကျဉ်းသား ၇၃၁ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။

အယ်လ်ဘေးနီးယား လွှတ်တော်က ဇန်နဝါရီလလယ်တွင် အကောင်အထည်ဖော်ရန် သတ်မှတ်ထားသော လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်အား ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် ထောင်ဒဏ် ၂နှစ်အထိ ကျခံနေရသည့် အကျဉ်းသားများနှင့် စုစုပေါင်း ထောင်ဒဏ်များအနက် ပြစ်ဒဏ်ကျခံရန် ထောင်ဒဏ် ၂နှစ် ကျန်ရှိနေသေးသည့် အကျဉ်းသားများ အကျုံးဝင်ကြောင်း ဝန်ကြီးဋ္ဌာန၏ပြောကြားချက်အရ သိရသည်။

ထို့်အပြင် အသက် ၅၅နှစ်အထက် အမျိုးသမီးအကျဉ်းသားများ၊ အသက် ၆၀နှစ်အထက် အမျိုးသားအကျဉ်းသားများ နှင့် အသက် ၁၈နှစ်အောက် အကျဉ်းသားများလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

သို့သော် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြမ်းဖက်မှုများ၊ လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ ရုံးတွင်းပစ္စည်း အလွဲသုံးစားလုပ်သည့် အများပြည်သူဆိုင်ရာ တာဝန်ရှိသူများ နှင့် အကျင့်ပျက်ခြစားမှုများ မပါဝင်ကြောင်း သိရသည်။

အယ်လ်ဘေးနီးယားအစိုးရသည် လူဦးရေထူထပ်လာသော အကျဉ်းထောင်များ နှင့် ထိန်းသိမ်းရေးစခန်းများ မှ အကျဉ်းသားရာပေါင်းများစွာကို လျှော့ချရန် အတွက် လွတ်ငြိမ်းချမ်းသာခွင့်အား ၂၀၁၆ခုနှစ်က အဆိုတင်သွင်းခဲ့ကြကြောင်း သိရသည်။

တရားရေးရာဝန်ကြီး Ylli Manjani က လွတ်ငြိမ်းချမ်းသာခွင့်သည် အကျဉ်းသားများအား နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ရည်ရွယ်ကြောင်း နှင့် ပြစ်ဒဏ်မှ လွတ်မြောက်သွားသော အကျဉ်းသားများ အား လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာနိုင်စေရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ဇန်နဝါရီ ၁၅ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.