Connect with us

Europe

ခရစ်ချာ့ရှ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နယူးဇီလန်နိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်စိတ်တစ်ပိုင်းလျော့ကျ

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ရှိ International Antarctic Center သို့ လာရောက်လေ့လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ရှ်မြို့ရှိ ဗလီတိုက်ခိုက်ခံရမှုများကြောင့် မတ်လအတွင်း နယူးဇီလန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တစ်စိတ်တစ်ပိုင်းကျဆင်းသွားကြောင်း မေလ ၁၄ ရက်တွင် ဖော်ပြထားသည့် Stats NZ စာရင်းအင်းအရ သိရသည်။

၂၀၁၉ ခုနှစ် မတ်လတွင် စုစုပေါင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၃၇၈,၃၀၀ ဦး ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက နိုင်ငံအများစုမှ ခရီးသွားဧည့်သည်ဝင်ရောက်မှုများ လျော့ကျခဲ့ခြင်း ဖြစ်သည်။ ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက်အများဆုံးလျော့ကျခြင်းမှာ သြစတြေးလျနိုင်ငံမှ ၁၂,၆၀၀ ဦး၊ ဗြိတိန်နိုင်ငံမှ ၄,၄၀၀ ဦး၊ ဟောင်ကောင်မှ ၂,၈၀၀ ဦးနှင့် တရုတ်နိုင်ငံမှ ၂,၄၀၀ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။

မတ်လအတွက် ခရီးသည်အရေအတွက်လျော့ကျမှုက အီစတာအားလပ်ရက် အချိန်အခါကြောင့်လည်း သက်ရောက်မှုရှိခြင်း ဖြစ်နိုင်သည်။ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် ခရစ်ချာ့ချ်မြို့ရှိ ဗလီ တိုက်ခိုက်ခံရမှုများကြောင့်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု အရေအတွက်အပေါ် သက်ရောက်မှုအချို့ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.