Connect with us

Europe

FIFA ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ပြင်သစ်အသင်းသားများကို ဇွန်လတွင် ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်မည်

၂ဝ၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ပြင်သစ်အသင်းသားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ပါရီ ၊ မေ ၁၄ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ပြင်သစ်အသင်းမှ ကစားသမား ၂၃ ဦးကို ဇွန်လ ၄ ရက်တွင် Elysee နန်းတော်၌ ဂုဏ်ထူးဆောင်ဆုတံဆိပ်(Legion of Honor) ပေးအပ်သွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အားကစားသတင်းစာ L’Equipe က မေ ၁၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

၁၉၈၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းဗိုလ်စွဲပြီးနောက် အသင်းသားများ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံရပြီးနောက်ပိုင်းတွင် ၂ဝ၁၈ ခုနှစ်ကမ္ဘာ့ဖလားဗိုလ်စွဲသောပြင်သစ်အသင်းသားများကိုလည်း ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ရန် ဖြစ်လာကြောင်း ၊ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို ့မှ အောင်ပွဲဖြင့် ပြန်လာခဲ့သော ပြင်သစ်အသင်းသားများအား ကြိုဆိုစဉ် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဆုတံဆိပ်ချီးမြှင့်ရန် ကတိပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်လက်ရွေးစင်အသင်းအနေဖြင့် ဇွန် ၈ ရက် နှင့် ၁၁ ရက် များတွင် ယူရို၂ဝ၂ဝ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများကစားရန်အတွက် Clairefontaine ၌ သွားရောက်လေ့ကျင့်ရန် ရှိနေသည်။ ထို့ပြင် ပြင်သစ်လက်ရွေးစင်အသင်းအနေဖြင့် ဇွန် ၂ ရက်တွင် ဘိုလီးဗီးယားနိုင်ငံလက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် ရှိနေပြီး ၊ ယင်းခရီးစဉ်မှ အပြန်တွင် ဂုဏ်ထူးဆောင်ဆုတံဆိပ်ပေးအပ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုတံဆိပ်(Legion of Honor) ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပေးအပ်ရန် အစောပိုင်းက စီစဉ်ထားခဲ့သော်လည်း နောက်သို့ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့သော ပြင်သစ်အသင်းသား ၂၃ ဦး၏ အမည်စာရင်းသည် ပြီးခဲ့သော ဇန်နဝါရီ ၁ ရက် မှ စတင်ကာ အခြားသော ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံထားရသော ပြင်သစ်နိုင်ငံသူရဲကောင်း ၃၄၅ ဦး နှင့်အတူ ထည့်သွင်းဖော်ပြခံရကြောင်း သိရသည်။

အသင်းနည်းပြ ဒီဒီယာဒန့်ချမ့်စ် အနေဖြင့် အဆိုပါ ဆုတံဆိပ်ကို ၁၉၉၈ ခုနှစ်ကတည်းက ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းနှင့်အတူ ချီးမြှင့်ခံထားရပြီ ဖြစ်ကာ ၎င်းအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၏ officer အဆင့်သို့တိုးမြှင့်ခြင်း ခံရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.