Connect with us

Europe

တရုတ်နှင့်ရုရှား နှစ်နိုင်ငံစလုံး က ဘက်စုံပါဝင်သောမူဝါဒကိုထောက်ခံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကျန်းကျွင်း ကိုတွေ့ရစဉ်(အင်တာနက်)

မော်စကို၊ မေ ၁၇ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကျန်းကျွင်း(Zhang Jun) နှင့် ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီဗာရှီနင်(SergeiVershinin)တို့က ၎င်းတို့နှစ်နိုင်ငံစလုံးသည် တစ်ဖက် သတ် မူဝါဒကိုဆန့်ကျင်ပြီး ဘက်စုံပါဝင်သောမူဝါဒကိုလက်ကိုင်ထားပါကြောင်း မေလ ၁၆ ရက်ကပြော ကြားခဲ့ကြသည်။ ကျန်းကျွင်း က ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီဗာရှီနင် နှင့် ဘက်စုံပါဝင် သော မူဝါဒအပေါ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပွဲ တွင် တစ်ဖက်သတ်မူဝါဒ ကိုကျင့်သုံးမှု က မတည်ငြိမ်မှု များနှင့်မသေချာမှုများကိုသာဖြစ်စေနိုင်ကြောင်း၊ထို့ပြင်ကမ္ဘာ့စီးပွားရေးကိုထိခိုက်စေ၍ နိုင်ငံတကာတွင် စည်းကမ်းလိုက်နာမှုကို အနှောင့်အယှက်ဖြစ်စေကာအကျင့်သိက္ခာပိုင်း အခြေခံကိုလည်းပျက်စီးစေနိုင် ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ကျန်းကျွင်း ကတရုတ်နိုင်ငံအနေဖြင့် ဘက်စုံပါဝင်သောမူဝါဒကိုခိုင်မြဲစွာထိန်းသိမ်းစောင့်ရှောက် ရန်နှင့် လွတ်လပ်ပွင့်လင်းသောခွဲခြားဆက်ဆံမှုမရှိသည့် ဘက်စုံပါဝင်သောကုန်သွယ်ရေးစနစ်ကို ကာ ကွယ်သွားရန် ရုရှားနှင့်လက်တွဲဆောင်ရွက်ရေးအသင့်ရှိကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေနှင့် ကုလသမဂ္ဂနှင့်အတူ နိုင်ငံတကာစနစ်ကိုအရေးအကြီးဆုံးအဖြစ်ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ပြီး နိုင်ငံတကာဥပဒေကိုလည်း ၎င်း၏အခြေခံအဖြစ် ကာကွယ်စောင့်ရှောက်သွား မည်ဖြစ်ကာ ညီမျှမှုနှင့်တရားမျှတမှုတို့ကိုအလေးထားလိုက်နာသွားမည်ဟုလည်း ကျန်းကျွင်းကပြောခဲ့ သည်။

ထို့ပြင် တရုတ်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကျန်းကျွင်း ကနှစ်နိုင်ငံသမ္မတများ၏မဟာဗျူဟာ ကျသောခေါင်းဆောင်မှုအောက်တွင် တရုတ်-ရုရှားဆက်ဆံရေး ကအရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ပြီး သမိုင်းတွင် အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းက နှစ်ဖက်စလုံးအနေနှင့် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ဆန္ဒများအတိုင်း လိုက်နာဆောင်ရွက်သင့် ကြကြောင်း၊နှစ်ဖက်အကျိုးတူကိစ္စရပ်များတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် နှင့် နှစ်နိုင်ငံစလုံး၏အခြေခံအကျိုးစီးပွားများကို ကာကွယ်ရန်ဆောင်ရွက်သွားသင့်ကြကြောင်းလည်း ပြောခဲ့သည်။

ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီဗာရှီနင် ကလည်း တစ်ဖက်သတ်မူဝါဒ က ကုလသမဂ္ဂ၏ ပဋိညာဉ် ပါအခြေခံမူများအားဆန့်ကျင်နေသောကြောင့် လက်ခံနိုင်ဖွယ် မရှိဟုယုံကြည်ကြောင်းပြော ကြားခဲ့သည်။၎င်းက ရုရှားနိုင်ငံအနေဖြင့်လည်း ဘက်စုံပါဝင် သော မူဝါဒအားထောက်ခံရေး၊ကုလသ မဂ္ဂနှင့်လုံခြုံရေးကောင်စီ တို့၏အဆင့်အတန်းနှင့်ဂုဏ်သိက္ခာကိုထိန်းသိမ်းရေး၊နိုင်ငံတကာဥပဒေနှင့်နိုင် ငံတကာဆက်ဆံရေး၏စံနှုန်းများကိုကာကွယ်စောင့်ရှောက်ရေး တို့အတွက်အဆင့်အားလုံးတွင်တရုတ် နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာစွာတည်ဆောက်သွားရန် လိုလားပါကြောင်းလည်း ပြန်လည်ပြော ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.