Europe
ဆလိုဗက်ကီးယား နိုင်ငံတွင် လေထီးခုန် လေ့ကျင့်သည့် အသေးစား လေယာဉ် နှစ်စင်း ဝေဟင်တွင် တိုက်မိ၍ ၇ ဦးသေဆုံးခဲ့

ဘလတ်တီစဗာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဆလိုဗက်ကီးယား နိုင်ငံ အနောက်မြောက်ဘက်ရှိ ကောင်းကင်ယံတွင် သြဂုတ်လ ၂၀ ရက်နေ့ ဒေသ စံတော်ချိန် မနက်ပိုင်းက အသေးစား လေယာဉ် နှစ်စင်း တိုက်မိ၍ ပျက်ကျကာ လူပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဆလိုဗက်ကီးယား လေကြောင်းနှင့် ရေကြောင်း စစ်ဆေးရေး ဌာန အရာရှိမှ လေယာဉ်ချင်း တိုက်မိမှုသည် Trencin ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အဖြစ်အပျက်သည် L-410 လေယာဉ် နှစ်စင်းသည် လေထီးခုန် ပြကွက် လေ့ကျင့် နေစဉ် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လူပေါင်း ၃၈ ဦး ပါရှိခဲ့ကြောင်း ၊ ၃၄ ဦးမှာ လေထီးခုန် အားကစား သမားများ ဖြစ်ကြပြီး ၄ ဦးမှာ လေယာဉ် ဝန်ထမ်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ၃၁ ဦးမှာ လေထီးဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်ဝန်ထမ်း ၄ ဦးနှင့် လေထီးခုန် အားကစား သမား ၂ ဦးတို့မှာ အသက်ဆုံးရှုံး ခဲ့ရကြောင်း သိရှိရသည်။
ဆလိုဗက်ကီးယား နိုင်ငံ သက်ဆိုင်ရာ ဌာန များမှ ရဟတ်ယာဉ်နှင့် လူနာတင်ယာဉ်များ စေလွှတ်ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ရှာဖွေ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ အသက်ရှင် ကျန်ရစ်သူနှင့် သေဆုံး သူများ အားလုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့် အကြောင်း အရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိ ရသည်။ (Xinhua)