Connect with us

Europe

ဂရိနိုင်ငံ ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်

ဂရိနိုင်ငံ ဝန်ကြီးချုပ် Alexis Tsipras (ဘယ်) နှင့် ဂရိ နိုင်ငံ သမ္မတ Prokopis Pavlopoulos (ယာ) ထံသို့ နှုတ်ထွက်စာ ပေးအပ်ခဲ့စဉ် (ဆင်ဟွာ)

အေသင် ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ ဝန်ကြီးချုပ် Alexis Tsipras သည် သြဂုတ်လ ၂၀ ရက်နေ့ညတွင် ရာထူးမှ နှုတ်ထွက် လိုက်ကြောင်း တရားဝင် ကြေညာ ခဲ့ပြီး ရွေးကောက်ပွဲ အသစ်အား ကျင်းပရန်လည်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Alexis Tsipras မှ ထို့နေညက ရုပ်မြင်သံကြားမှ တဆင့် မိန့်ခွန်း ပြောကြားရာတွင် နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောကြား ခဲ့ပြီး ထို့နောက်တွင် ဂရိ နိုင်ငံ သမ္မတ Prokopis Pavlopoulos ထံသို့ နှုတ်ထွက်စာ တင်လိုက် ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် Alexis Tsipras မှ မိန့်ခွန်း ပြောကြားရာတွင် ၎င်း ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းသည် ဂရိပြည်သူ့ သမ္မတ နိုင်ငံတော်နှင့် နိုင်ငံတကာမှ အကြွေးရှင် နိုင်ငံများနှင့် တတိယ အသုတ် ကူညီ ထောက်ပံ့ရေး သဘောတူညီမှု အတွက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂရိနိုင်ငံ လွှတ်တော်မှ ခွင့်ပြုလိုက်သည့် တတိယ အသုတ် ကူညီ ထောက်ပံ့ရေး သဘောတူညီမှု တွင် အကြွေးရှင် နိုင်ငံများမှ လာမည့် ၃ နှစ်တွင် ဂရိနိုင်ငံအား ယူရို ၈၅ ဘီလီယံ ချေးငွေ ကူညီ ထောက်ပံ့မည် ဖြစ်ပြီး ဂရိ နိုင်ငံ ဘက်မှလည်း အခွန်ကောက်ခံမှု ၊ ပင်စင်လစာ ၊ စာရင်း တွက်ချက်မှု ၊ ဥပဒေရေးရာ နှင့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍ များတွင် ပြုပြင် ပြောင်းလဲမှု များပြုလုပ်ရန် နှင့် နိုင်ငံတော်ပိုင် လုပ်ငန်းဥစ္စာ ယူရို ၅၀ ဘီလီယံ တန်ဖိုးကို ရောင်းချသွားရန် ကတိ ပြုခဲ့သည်။ သဘောတူညီမှု တွင် ပါဝင်သည့် အကြောင်းအရာ များသည် လက်ရှိ အာဏာရ အဖွဲ့၏ လုပ်ထုံး လုပ်နည်းနဲ့ ဆန့်ကျင်နေပြီး အချို့လွှတ်တော် ကိုယ်စားလှယ် များမှ သဘောတူညီမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

Alexis Tsipras မှ ၎င်းတို့ အစိုးရ သည် ယခုနှစ် ဇန်နဝါရီလ တွင် တာဝန်ယူစဉ် က ကူညီထောက်ပံ့မှု ဆိုင်ရာ သဘောတူညီမှု ကို အကောင်အထည်မဖော် နိုင်ခဲ့ဘဲ အကြွေးရှင် နိုင်ငံ များအား လိုက်လျောမှု ပြုပေးခဲ့ရကြောင်း ဝန်ခံခဲ့ပြီး သဘောတူညီမှု အသစ်သည် ဂရိ နိုင်ငံ အတွက် လက်လမ်းမှီ နိုင်သော အကောင်းဆုံး တိုးတက်ရေး ဆိုင်ရာ အခွင့်အရေး ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂရိ နိုင်ငံ ဥပဒေ အရ အစိုးရ ဝန်ထမ်း ရာထူးမှ နှုတ်ထွက်ခဲ့လျှင် နိုင်ငံတော် သမ္မတ မှ လွှတ်တော် အတွင်း ကိုယ်စားလှယ် အမတ် အများဆုံးပါတီ ၃ ခု အား အစိုးရ အဖွဲ့ ဖွဲ့စည်းရန် အချိန် ၃ ရက်ပေး၍ ဖွဲ့စည်းစေကာ ပါတီ ၃ ခုလုံးမှ အစိုးရ အဖွဲ့ မဖွဲ့စည်း နိုင်ခဲ့လျှင် သမ္မတမှ တစ်လအတွင်း ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် ကြေညာ သွားမည် ဖြစ်သည်။ အကယ်၍ အာဏာရ ပါတီများမှ ခေါင်းဆောင်များက သဘောတူညီမှု ရရှိခဲ့လျှင်လဲ အစိုးရ အဖွဲ့ ဖွဲ့စည်းရန် မလိုဘဲ တိုက်ရိုက် အစိုးရ အဖွဲ့ ခန့်အပ်နိုင်ကြောင်း သိရှိရသည်။

Alexis Tsipras မှ နှုတ်ထွက်စာ တင်ရာတွင် မိမိတို့ အနေဖြင့် အစိုးရ အဖွဲ့ ဖွဲ့စည်းခွင့်ကို ပြုလုပ်မည် မဟုတ်ဘဲ သမ္မတ မှ အစိုးရ အဖွဲ့ ဖွဲ့စည်းကာ ပြည်တွင်း အစိုးရ အဖွဲ့ လုပ်ငန်း အစီအစဉ် များကို လွဲကိုင်သွားရန် တောင်းဆိုခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117