Connect with us

Europe

ဂရိ နိုင်ငံ ရေပိုင်နက် အတွင်း တူရကီ နိုင်ငံမှ ဒုက္ခသည်များ တင်ဆောင်လာသော လှေ တိမ်းမှောက်ခဲ့၍ လူပေါင်း ၂၈ ဦး သေဆုံး

ဂရိ နိုင်ငံ ရေပိုင်နက် အတွင်း တူရကီ နိုင်ငံမှ ဒုက္ခသည်များ တင်ဆောင်လာသော လှေတိမ်းမှောက် ခဲ့သည်ကို သရုပ်ဖော် ပြသထားသည့် ပုံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အေသင် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံမှ ဒုက္ခသည်များ တင်ဆောင် လာသော လှေတစ်စင်း ဂရိနိုင်ငံ ရေပိုင်နက်အတွင်း တိမ်းမှောက် ခဲ့၍ ၂၈ ဦးသေဆုံးခဲ့ပြီး ထိုအတွင်းတွင် ၁၄ နှစ် အရွယ် ကလေးငယ် တစ်ဦး ပါဝင် ခဲ့ကြောင်း ဂရိ နိုင်ငံ ကမ်းခြေစောင့်ရဲတပ်ဖွဲ့ မှ စက်တင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ထို ဒုက္ခများသည် တင်ဆောင် လာသော လှေသည် ဂရိ နိုင်ငံ အရှေ့တောင်ပိုင်း ကီလိုမီတာ ၃၅၀ အကွာရှိ Farmakonisi ကျွန်း အနီး ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ တူရကီ နိုင်ငံမှ ထွက်ခွာစဉ်တွင် လှေပေါ်၌ လူပေါင်း ၁၂၀ လိုက်ပါ ခဲ့ကြောင်း အသက်ရှင် ကျန်ရစ်သူတစ်ဦးမှ ပြောကြား ခဲ့သည်။

ဂရိ ကမ်းခြေစောင့်ရဲတပ်ဖွဲ့ မှ ဒုက္ခသည် ၆၈ ဦးအား ရှာဖွေကယ်ဆယ် နိုင်ခဲ့ကြောင်း သိရှိရသည်။ယခုနှစ် အတွင်း ဂရိ နိုင်ငံသို့ ဝင်ရောက် ခဲ့သည့် ဒုက္ခသည် ပေါင်း ၂၃၀,၀၀၀ ခန့်ရှိပြီး ထိုအတွင်း မှ ၈၀ ရာခိုင်နှုန်းသည် စစ်ဘေးရှောင်သည့် ဆီးရီးယား နိုင်ငံသားများ ဖြစ်ကြောင်း ဂရိ နိုင်ငံ အစိုးရထံမှ ထုတ်ပြန် သည်။

ဂရိ နိုင်ငံ မှလည်း လက်ရှိချိန်တွင် ဒုက္ခများနှင့် နိုင်ငံသား ခံယူမှု အများအပြား လက်ခံ နေပြီး ဒုက္ခသည် ကူညီ ကယ်ဆယ်ရေး နှင့် ထိန်းချုပ်ရေး ဆိုင်ရာ လက်တွေ့ အကောင်အထည်ဖော်မှု များစွာ ဆောင်ရွက်နေသည်။

ယခုနှစ် သြဂုတ်လ အတွင်း ဒုက္ခသည်နှင့် တရားမဝင် ရွှေ့ပြောင်း နိုင်ငံကူးသူ ပေါင် ၃ သိန်း ခန့်သည် မြေထဲ ပင်လယ် မှ တစ်ဆင့် ဥရောပ တိုက်အတွင်းသို့ သွားရောက် နေပြီး ယခင် နှစ် စုစုပေါင်း လူဦးရေ ထက် များပြားနေသည် ဖြစ်ကာ သွားလာ ချိန် အတွင်း သေဆုံးသူသည် ၂၅၀၀ ကျော်ရှိနေပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးမှ ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117