Connect with us

Europe

ဆွစ်ဇာလန်နိုင်ငံရှိ တောင်တစ်ခုတွင် ဂျပန်တောင်တက်သမားနှစ်ဦးအား သေဆုံးလျက်တွေ့ရှိ

ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်း ရှိ Monch တောင် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျနီဗာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်း ရှိ Monch တောင် အား တက်ရောက်ခဲ့သော ဂျပန်နိုင်ငံသား နှစ်ဦးသည် ဇူလိုင် ၂၁ ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင် မတော်တဆမှုကြောင့် သေဆုံးနေသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ဒေသခံ ရဲတပ်ဖွဲ့ကထုတ်ပြန်သည့် အချက်အလက်များအရ သေဆုံးသွားသော ဂျပန်လူမျိုး၂ဦးသည် အသက် ၇၃နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၅၅နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရသည်။ ၎င်းတို့ ၂ဦးသည် တောင်ထိပ်၏ တောင်ဘက်ခြမ်းမှ အောက်သို့ ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်တွင်း မီဒီယာက တောင်တက်သမား ၂ဦးသည် တောင်ပေါ်မှ မပြုတ်ကျမီ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် တောင်ကြော၏ အနောက်တောင်ဘက် ပုံမှန်လမ်းကြောင်း ပေါ်ရှိ Monchsjoch တဲအိမ်မှ တောင်ပေါ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တောင်ပေါ်မှ ပြုတ်ကျရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးသော်လည်း စုံစမ်းစစ်ဆေးမှု ကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။Monch တောင်သည် Valais ဒေသ နှင့် Bern ဒေသအကြား နယ်စပ်တစ်လျှောက်တွင် တည်ရှိပြီး ဆွစ်တောင်တန်းများရှိ တောင်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.