Connect with us

Europe

တူရကီ နိုင်ငံ အနောက်တောင်ပိုင်း တွင် အင်အား ၆.၃ အဆင့်ရှိ ငလျင် တစ်ခု ဖြစ်ပွား

ငလျင် ဖြစ်ပွား ခဲ့သည့် တူရကီ နိုင်ငံ အနောက်တောင်ပိုင်း Bodrum မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

အစ္စတန်ဘူလ် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သဘာဝဘေး နှင့် အရေးပေါ် စီမံခန့်ခွဲရေး ဌာန ၏ သတင်းထုတ်ပြန်ချက်အရ တူရကီ နိုင်ငံ အနောက်တောင်ပိုင်း Bodrum မြို့ အနီးတွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်၌ အင်အား ရစ်ချ်တာစကေး ၆.၃ အဆင့်ရှိ ငလျင် တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ငလျင် သည် ဒေသစံတော်ချိန် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန် ၁ နာရီ ၃၁ မိနစ် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင် ဗဟို သည် တူရကီ နိုင်ငံ အနောက်တော်ပိုင်း Bodrum မြို့ နှင့် ၂၄ ကီလိုမီတာ အကွာအဝေး တွင် ရှိပြီး ငလျင် အနက် မှာ ၁၀ ကီလိုမီတာ ခန့်ရှိကြောင်း ၊ တူရကီ နိုင်ငံ အနောက်ပိုင်း ရှိ Izmir မြို့ တွင် ငလျင် ၏ တုန်ခါမှု ကို ခံစားခဲ့ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ယခု အကြိမ် တူရကီ နိုင်ငံ အနောက်တောင်ပိုင်း တွင် လှုပ်ခတ် ခဲ့သော ငလျင် ကြောင့် ဖြစ်ပွား ခဲ့သည့် ပျက်ဆီး ဆုံးရှုံးမှု ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.