Connect with us

Europe

ဥရောသမဂ္ဂမှ ဗြိတိန် ထွက်ခွာခဲ့သော်လည်း တရုတ်-ဗြိတိန် ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် လက်တွဲသွားမည်

ယွမ်ငွေများအား ရေတွက်နေသည့် ဝန်ထမ်း တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာမည့် (Brexit) ဆုံးဖြတ်ချက်က ဗြိတိန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပူးတွဲလုပ်ဆောင်ခြင်းများအပေါ် အတားအဆီးဖြစ်စေမည် မဟုတ်ကြောင်း တရုတ်-ဗြိတိန် စီးပွားရေးကောင်စီ (CBBC) ဥက္ကဋ္ဌ ဂျိမ်းစ် ဆက်ဆွန် (James Sassoon) ကဆိုသည်။

“နှစ်နိုင်ငံ ကုန်သွယ်မှု၊ တရုတ်နိုင်ငံသို့ ဗြိတိန်မှ ပို့ကုန်နဲ့ ယူကေမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုစတာတွေက အလွန်ကို အခိုင်အမာ တည်ရှိနေပါတယ်။ ဒီနှုန်းအတိုင်းပဲ ဆက်လက်တည်ရှိသွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဆက်ဆွန်က ဆင်ဟွာ သတင်းဋ္ဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

တရုတ်-ဗြိတိန် ကုန်သွယ်မှုသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄.၃၄ ဘီလီယံ ရှိကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကောင်စစ်ဝန်ရုံး၏ တရားဝင် ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

ဗြိတိန်က တရုတ်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုတွင် အလေးသာပြီး ကုန်စည် ကုန်သွယ်မှုတွင် လိုငွေ ပြသကြောင်း သိရသည်။ ဗြိတိန်အတွက် သတ္တမမြောက် အကြီးဆုံး ပို့ကုန် ဈေးကွက်ကြီးဖြစ်သည့် တရုတ်နိုင်ငံသည် ဗြိတိန်၏ ပို့ကုန် ၃.၆ ရာခိုင်နှုန်းနှင့် ဗြိတိန်၏ သွင်းကုန် ၇ ရာခိုင်နှုန်း ရှိနေခဲ့သည်။

ဗြိတိန် မြို့တော် လန်ဒန်က ကမ္ဘာ့ ငွေကြေးဆိုင်ရာစင်တာများ၏ အရေးကြီးဆုံးနှင့် ငွေကြေး ကုန်သွယ်မှုအတွက် တစ်ခုတည်းသော အကြီးဆုံး အချက်အခြာ တစ်ခုဖြစ်သည်။

လန်ဒန်၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဗြိတိန် ငွေကြေးဆိုင်ရာနှင့် အရင်းအနှီးဈေးကွက်များသည် ဗြိတိန်-တရုတ် ဆက်ဆံရေးအတွက် အရေးပါသော မောင်းနှင်အားများ ဖြစ်ကြောင်း ဆက်ဆွန်က ဆိုသည်။

ထို့ပြင် ဗြိတိန် အစိုးရသည် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် တရုတ် ယွမ်ငွေအား နိုင်ငံတကာသုံး ငွေကြေးဖြစ်လာစေရေးအတွက် လန်ဒန် ငွေကြေးဆိုင်ရာ စွမ်းဆောင်မှုဖြင့် တက်ကြွစွာ ပါဝင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးဆိုင်ရာ ခရိုင် မြူနီစီပယ်အဖွဲ့ဖြစ်သော လန်ဒန် ကော်ပိုရေးရှင်းမြို့ (CLC) က ဗြိတိန်တွင် ယွမ်ငွေ ကာလရှည် ဆက်လက် တည်တံ့ရေးအတွက် ထောက်ပံ့ခဲ့သည်။

တရုတ်နိုင်ငံရှိ စူပါမားကတ် တစ်ခုတွင် ရောင်းချနေသည့် ဗြိတိန် ပို့ကုန်များ တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန် ဗဟိုဘဏ်ဖြစ်သော Bank of England (BOE) နှင့် တရုတ်နိုင်ငံ ဗဟိုဘဏ်ဖြစ်သော တရုတ် ပြည်သူ့ဘဏ်တို့အကြား တန်ဖိုး ယွမ်ငွေ ၃၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁.၃ ဘီလီယံ) ရှိသော စတာလင်ပေါင်/ယွမ်ငွေ ဖလှယ်ရေး အဆောက်အအုံအား ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဆိုပါ ဖလှယ်ရေး အဆောက်အအုံသည် ဗြိတိန်တွင် ပြည်တွင်း ဘဏ္ဍာရေးကဏ္ဍာ တည်ငြိမ်ရေးအတွက် ထောက်ပံ့ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

Bank of England ဥက္ကဋ္ဌ မာ့ခ်ကာနီ (Mark Carney) ကလည်း လန်ဒန်တွင် ထိရောက်သည့် ယွမ်ငွေဈေးကွက် တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရန် အပြုသဘောဆောင်သော ချဉ်းကပ်မှုအား ထင်ဟပ်စေမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း အဓိကကျသော တရုတ် ဘဏ်များစွာ လန်ဒန်တွင် ရုံးများ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ စာရင်းအရ လန်ဒန်ဈေးကွက်တွင် ယွမ်ငွေ ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံခန့်) အား စာရင်းသေအပ်ငွေအဖြစ် ထားရှိခဲ့ကြောင်း ယင်းပမာဏမှာ အာရှပြင်ပတွင် အကြီးဆုံး ဈေးကွက် တစ်ခုဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ပြည်ပ ယွမ်ငွေ ကုန်သွယ်မှုအတွက် အကြီးဆုံး စင်တာဖြစ်ခဲ့သည့် စင်ကာပူအား လန်ဒန်က ကျော်တက်သွားခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အကြား ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဆိုင်ရာ စီးပွားရေး အတွင်းဝန်လည်းဖြစ်သူ ဆက်ဆွန်သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများအတွင် အပြန်အလှန် အကျိုးရှိသည့် နယ်ပယ်များတွင် တရုတ် အာဏာပိုင်များအား ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

တရုတ်ဘဏ်များ၊ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးဌာနများနှင့် ကုန်ပစ္စည်း ကုန်သွယ်သူများအား စီးပွားရေး စီမံခန့်ခွဲနိုင်ရန်နှင့် ဘဏ်ခွဲများ တည်ထောင်ရန် နိုင်ငံတကာ ဘဏ္ဍာရေးစင်တာ တစ်ခုအဖြစ် လန်ဒန် ပါဝင်ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

“ဒီလိုအရာတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါသော အခြေခံအချက်တွေ ဆက်လုပ်ဆောင်သွားမှာပါ” ဟု ဆက်ဆွန်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.