Connect with us

Europe

တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ ဆက်ဆံရေး ပိုမို မြှင့်တင်ရန် သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သည် လယ်ယာစိုက်ပျိုးရေး၊ e-commerce ၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေး စသည့်နယ်ပယ်များ၌ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မြဲစေရန်အတွက် နိုဝင်ဘာလ ၂၈ ရက်တွင် သဘောတူစာချုပ် ၁၀ ခုကျော် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban တို့သည် ဟန်ဂေရီ အမျိုးသားညီလာခံ အဆောက်အဦ၌ တွေ့ဆုံပြီးနောက် ၎င်းတို့၏ ရှေ့မှောက်တွင် အဆိုပါ သဘောတူစာချုပ်များအား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

“သဘောတူစာချုပ်တွေရဲ့ အဓိပ္ပါယ်ကတော့ ဟန်ဂေရီနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့နဲ့ ဟန်ဂေရီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ရရှိအောင် အကူအညီ ဖြစ်စေဖို့ပါ” ဟု Orban နှင့်အတူ ပူးတွဲ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံသည် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်ကြောင်း၊ လက်ရှိတွင် CEE ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုံးပုံ တစ်ပုံမှာ ဟန်ဂေရီနိုင်ငံတွင် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဟန်ဂေရီနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံရှိကာ ဒေသတွင်း အလုပ်အကိုင် ၁၀,၀၀၀ ဖန်တီးပေးနိုင်ခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန၏ စာရင်းများအရ တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၁၆ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း တိုးလာခဲ့သလို ဟန်ဂေရီနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်သည်လည်း ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ချစ်ကြည်ရေးခရီးစဉ်နှင့် တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံများ အစိုးရ ခေါင်းဆောင်များ၏ ၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန်အတွက် နိုဝင်ဘာလ ၂၆ ရက်က ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် လီသည် နိုဝင်ဘာလ ၂၉ ရက်တွင် ရုရှားနိုင်ငံသို့ ဆက်လက် ထွက်ခွာကာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အစိုးရခေါင်းဆောင်များ (ဝန်ကြီးချုပ်များ) ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.