Connect with us

Europe

အိုင်ယာလန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် က ဖိအားပေးမှုများအောက်တွင် ရာထူး မှ နှုတ်ထွက်

အိုင်ယာလန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Frances Fitzgerald အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒူဘလင် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အိုင်ယာလန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Frances Fitzgerald က ဘက်ပေါင်းစုံ မှ ဖိအားပေးမှုများ အောက်တွင် နိုဝင်ဘာ ၂၈ ရက်နေ့၌ ရာထူး မှ နှုတ်ထွက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အိုင်ယာလန် နိုင်ငံ ပိုင် ရုပ်သံဌာန ၏ ဖော်ပြချက်အရ ဝန်ကြီး အဖွဲ့ အစည်းအဝေး တွင် အိုင်ယာလန် နိုင်ငံ ၏ အမျိုးသား အကျိုးစီးပွား အတွက် ဒုတိယ ဝန်ကြီးချုပ် Frances Fitzgerald က ရာထူး မှ နှုတ်ထွက်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး အိုင်ယာလန် နိုင်ငံ တွင် ရွေးကောက်ပွဲ ကိုမလိုလားအပ်ဘဲ ကြိုတင်ကျင်းပခြင်း ဖြင့် လအတန်ကြာ အုပ်ချုပ်မည့် အစိုးရ မရှိဘဲ ဖြစ်နေခြင်းမျိုး မဖြစ်ပွားရန် အတွက် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အိုင်ယာလန် နိုင်ငံ ဝန်ကြီးချုပ် Leo Varadkar က Frances Fitzgerald ၏ နှုတ်ထွက်စာ ကို ဝမ်းနည်းစွာ ဖြင့် လက်ခံခဲ့ရကြောင်း ၊ ၎င်း၏ နှုတ်ထွက်ရန် ဆုံးဖြတ်ချက် သည် အိုင်ယာလန် နိုင်ငံ တွင် ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပခြင်း ကို ရှောင်ရှား နိုင်ခဲ့ပြီး အစိုးရ နှင့် လွှတ်တော် ကို ဆက်လက်၍ လည်ပတ် နိုင်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၆ ခုနှစ် အိုင်ယာလန် အောက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ခဲ့ရာတွင် အိုင်ယာလန် စည်းလုံးညီညွတ်ရေး ပါတီ က လွှတ်တော်တွင် ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိခဲ့သော်လည်း အစိုးရ အဖွဲ့ ဖွဲ့စည်းရန်အတွက် ကိုယ်စားလှယ် အရေအတွက် တစ်ဝက်ကျော် ရရှိခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် စည်းလုံးညီညွတ်ရေး ပါတီ က တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အချို့ ၏ ထောက်ခံမှု ကို ရရှိခဲ့ပြီး အစိုးရ အဖွဲ့ဖွဲ့စည်း နိုင်ခဲ့သည်။ အိုင်ယာလန် စည်းလုံးညီညွတ်ရေး ပါတီ သည် အစိုးရ အဖွဲ့ ဖွဲ့စည်း ရန်အတွက် ရီပတ်ဘလီကန် ပါတီ ၏ ထောက်ခံမှု ရရှိရန် လိုအပ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.