Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း ဆက်ဆံရေးတိုးမြှင့်ရန် တရုတ်နိုင်ငံနှင့် စပိန်နိုင်ငံ သဘောတူ - Xinhua News Agency
Connect with us

Europe

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း ဆက်ဆံရေးတိုးမြှင့်ရန် တရုတ်နိုင်ငံနှင့် စပိန်နိုင်ငံ သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် စပိန်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည်အခါသမယ ကို အခြေပြုကာ ဆက်ဆံရေး တိုးတက်မှု ပူးတွဲမြှင့်တင်ရန်နှင့် နှစ်နိုင်ငံပြည်သူများ အကျိုးကျေးဇူး ပိုမိုပေးနိုင်ရန်အတွက် နိုဝင်ဘာလ ၂၈ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez တို့ တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန် Sanchez ၏ ကြိုးပမ်းအားထုတ်မှုနှင့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (BRI) အတွက် ၎င်း၏ ထောက်ခံမှုကို ရှီက ချီးကျူးပြောကြားလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံနှင့်အတူ အစဉ်အလာရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုအား ရင်ဝယ်ပိုက်ထားသလို နိုင်ငံတကာရေးရာတွင် စပိန်နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို တန်ဖိုးထားပါကြောင်း ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံနှင့်အတူ တရုတ်-စပိန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို တန်ဖိုးထားပါကြောင်းနှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုအဆင့် မြှင့်တင်ရန် ဆန္ဒရှိကြောင်း သမ္မတ ရှီက ဖော်ပြထားသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez တို့ တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စပိန်နိုင်ငံနှင့်အတူ ဆက်ဆံရေးနှင့် ညှိနှိုင်းဆွေးနွေးရေး ထိန်းသိမ်းကာ နိုင်ငံတကာ စီမံအုပ်ချုပ်ရေး တိုးတက်ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ အခြားသော ကမ္ဘာနှင့် ဒေသတွင်း အရေးကြီးကိစ္စများ၌ ကိုင်တွယ် ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ဆိုသည်။

“တရုတ်နိုင်ငံက ဥရောပတွင် ပေါင်းစည်းရေးလုပ်ငန်းကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ တရုတ်နဲ့ ဥရောပက ကမ္ဘာလုံးဆိုင်ရာ အမိန့်ကို ပူးတွဲစောင့်ထိန်းရာတွင် အချင်းချင်းထောက်ပံ့ပြီး ခိုင်မာစွာ ဆွေးနွေးညှိနှိုင်းကာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုကို မြှင့်တင်သင့်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez က ပြောကြားရာတွင် သမ္မတ ရှီ၏ ခရီးစဉ်သည် ကြီးမားသည့် သမိုင်းတွင်သော အရေးပါမှုဖြစ်ပြီး စပိန်-တရုတ် ဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းလည်း ဖြစ်ကြောင်း၊ ၁၃ နှစ်တာကလအတွင်း တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦး၏ ပထမဆုံး ချစ်ကြည်ရေးခရီးလည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၄၅ နှစ်ပြည့် အခါသမယနှင့်လည်း တိုက်ဆိုင်နေကြောင်း ပြောကြားခဲ့သည်။

အခြေအနေသစ်တွင် စပိန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေးနှင့် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေးအတွက် အသင့်ရှိကြောင်း၊ သမိုင်းဝင် ခေတ်သစ်ပိုးလမ်းမကြီး တည်ထောင်ရေးတွင် စပိန်နိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း Sanchez က ပြောကြားခဲ့သည်။

ဆွေးနွေးမှုများပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင် ယဉ်ကျေးမှု၊ စီးပွားရေး၊ ပြည်သူများ၏ လူနေမှုဘဝ၊ ဆက်သွယ်ရေး၊ တတိယဈေးကွက် ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးနှင့် ငွေကြေး စသည့်ကဏ္ဍများ အပါအဝင် နယ်ပယ်များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံပူးတွဲ၍ ခေတ်သစ်တွင် ခိုင်မာသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.