Connect with us

Europe

နော်ဝေ-တရုတ် ဆက်ဆံရေးတိုးတက်စေရန် ဆက်လက်ကြိုးစားသွားမည်ဟု နော်ေ၀၀န်ကြီးချုပ် ဆို

နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Erna Solberg နှင့် တရုတ်နိုင်ငံသံအမတ်ကြီး ၀မ်မင်အား တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

အော်စလို၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

နော်ဝေနိုင်ငံနှင့် တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာကဏ္ဍများတွင် တူညီသော ရပ်တည်ချက် များစွာရှိရာ နော်ဝေအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ကြိုးစား တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံ ဝန်ကြီးချုပ်Erna Solbergက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံ ဝန်ကြီးချုပ်Erna Solbergက ဖေဖော်ဝါရီ ၁၁ ရက်တွင် တာဝန်မှပြီးဆုံးတော့မည် နော်ဝေနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်မင်(Wang Min)နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ဆက်ဆံရေးသည် တစ်နေ့တစ်ခြား ပို၍ နီးနီးကပ်ကပ်ရှိလာကြောင်း ၊ နိုင်ငံရေး၊ စီးပွားရေး၊သိပ္ပံပညာ၊ယဉ်ကျေးမှုစသည့်ကဏ္ဍများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကြောင့် အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိလာရာ နှစ်နိုင်ငံပြည်သူများ၏အကျိုးကို အဆက်မပြတ် ဆောင်ကျဉ်းပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာရေးရာ ကဏ္ဍများတွင် နှစ်နိုင်ငံ၏ရပ်တည်ချက်ချင်းတူညီမှုများစွာရှိကြောင်း ၊ကုလသမဂ္ဂကို ဗဟိုထားသည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံစနစ်ကို မပြောင်းမလဲ ခိုင်ခိုင်မာမာ ထောက်ခံလျက်ရှိသလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် စည်းမျဉ်းစည်းကမ်းကို အခြေပြုသည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ စနစ်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း ၊ နော်ဝေအနေဖြင့် တရုတ်နိုင်ငံနှင့် ဘက်ပေါင်းစုံ ကဏ္ဍဆွေးနွေးညှိနှိုင်းမှုများကုတိုးမြှင့်လုပ်ဆောင်သွားကာ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ဘက်ပေါင်းစုံစနစ်ကို ခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း ဝန်ကြီးချုပ်Erna Solberg ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်မင်ကလည်း တရုတ်-နော်ေ၀ နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက် ရေး အလားလာကောင်း များစွာရှိကြောင်း ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၆၅ နှစ် ပြည့် အခါသမယတွင် တရုတ်၊နော်ေ၀ နှစ်နိုင်ငံသည် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တရားမျှတ၍ သမာတမတ်ရှိသော စီးပွားရေးပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးကာ နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.