Connect with us

Europe

ဒေါ့မွန်ဘောလုံးအသင်းကစားမားများလိုက်ပါလာသည့် ဘတ်စ်ကား ဗုံးဖြင့်တိုက်ခိုက်ခံရ


ဒေါ့မွန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း ဒေ့ါမွန်မြို့ တွင် ဧပြီ ၁၁ ရက် က ဂျာမနီဘောလုံးအသင်းဖြစ်သည့် ဒေါ့မွန်ဘောလုံးအသင်းမှ ကစားသမားများလိုက်ပါလာသော ဘတ်စ်ကားကို ပစ်မှတ်ထား၍ ဖောက်ခွဲမှု သုံးခု ပြုလုပ်ခဲ့ရာ ကစားသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောကြားခဲ့သည်။

၎င်း က ဒေါ့မွန်အသင်းအနေဖြင့် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် AS မိုနာကိုအသင်း နှင့် ယှဉ်ပြိုင်ကစားမည့် UEFA ချန်ပီယံလိဂ် ပထမအကြိုဗိုလ်လုပွဲ (ကွာတားဖိုင်နယ်) မတိုင်ခင် ဖောက်ခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ဖောက်ခွဲမှုကြောင့် အသက် ၂၆နှစ်အရွယ် စပိန်လူမျိုး နိုင်ငံတကာဘောလုံးသမား မာ့စ်ဘာထရာ (Marc Bartra) ဒဏ်ရာရရှိခဲ့ကြောင်း တွစ်တာစာမျက်နှာ၌ရေးသားခဲ့သည်။

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့် Signal Iduna Park အားကစာရုံး အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့် Signal Iduna Park အားကစာရုံး အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့် Signal Iduna Park အားကစာရုံး အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့် Signal Iduna Park အားကစာရုံး အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဘောလုံးအသင်းပြောရေးဆိုခွင့်ရှိသူ Sascha Fligge က ဘာထရာသည် လက်ကောက်ဝတ်တွင် ခွဲစိတ်ကုသမှုခံယူနေရကြောင်း နှင့် ဗုံးဖောက်ခွဲမှုကြောင့် ဘောလုံးအသင်းသားအားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ဒေါ့မွန်အသင်းသားများ လိုက်ပါလာသော ဘတ်စ်ကားသည် ဟော်တယ်မှ Signal Iduna Park အားကစားရုံသို့ ထွက်ခွာလာပြီးမကြာမီ ဒေသစံတော်ချိန် ည ရး၀၀နာရီ၌ ဘတ်စ်ကားအနီးတွင် ပေါက်ကွဲမှုသုံးခုဖြစ်ပွားခဲ့ကာ ကားမှန်ပြတင်းပေါက်များ ထိခိုက်ပျက်စီးခဲ့ပြီး မိုနာကိုအသင်း နှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ဗုံးဖောက်ခွဲမှုများသည် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဟုတ်၊ မဟုတ် သိရှိခြင်းမရှိသေးကြောင်း ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ ဂျာမနီသတင်းဋ္ဌာန DPA ကဖော်ပြခဲ့သည်။ကွာတားဖိုင်နယ်ပွဲစဉ် ကို ဧပြီ ၁၂ ရက်အထိ ခေတ္တ ရွှေ့ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဧပြီ ၁၁ ရက်နေ့ အားကစားရုံတွင်း အလည်အပတ် ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ကြောင်း ဘောလုံးအသင်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.