Connect with us

Europe

ဆွီဒင်တိုက်ခိုက်မှု အပြီး တရားခံအား ရဲတပ်ဖွဲ့ဖမ်းဆီးရမိ

ဆွီဒင်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် သံသယရှိသူ၏ဓါတ်ပုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စတော့ဟုမ်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် စတော့ဟုမ်းမြို့ မြောက်ဘက် တွင် ဧပြီလ ၇ ရက်ညပိုင်းက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဆွီဒင်သတင်းစာ Aftonbladet က ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ အမျိုးသားအား ထိခိုက်ဒဏ်ရာအနည်းငယ်ဖြင့် မာစတာမြို့တွင် ဖမ်းမိခဲ့ကြောင်း နှင့် ၎င်းသည် စတော့ဟုမ်းတိုက်ခိုက်မှု၌ အပြစ်ရှိသူ တစ်ဦးဖြစ်ကြောင်း Aftonbladet က ဖော်ပြခဲ့သည်။ဆွီဒင်ရုပ်သံလိုင်း၏ နောက်ဆုံးဖော်ပြချက်များအရ ရဲတပ်ဖွဲ့သည် မာစတာမြို့တွင် ဖမ်းမိသော အမျိုးသားအား စစ်ဆေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် တရားခံ၏ ဓါတ်ပုံနှင့် တူညီနေကြောင်း နှင့် ဖမ်းဆီးခံထားရသော အမျိုးသားသည် အချိန်နှင့်နေရာအရ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ထရပ်ကားအနီးတွင် ရှိနေနိုင်ကြောင်း ယူဆခဲ့ကြသည်။

နောက်ဆုံးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စတော့ဟုမ်းရဲတပ်ဖွဲ့ဝင် Jan Evensson က လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်း တရားခံအား ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။စတော့ဟုမ်းတိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ပြီး သေဆုံးသူ လေးဦးအထိရှိလာကြောင်း နှင့် ဒဏ်ရာရရှိသူအရေအတွက် သည် ၁၅ဦးအထိ ရှိခဲ့ကြောင်း Karolinska ဆေးတက္ကသိုလ်ရှိ သတင်းရင်းမြစ်များကို ကိုးကား၍ ဆွီဒင်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။ (Xinhua)