Connect with us

Europe

ရုရှား နိုင်ငံ သည် ၂၀၁၆ ခုနှစ် တစ်နှစ်တာ ကာလ အတွင်း အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှု ပေါင်း ၁၆ ခု ကို ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့

ရုရှား နိုင်ငံ ၏ အထူးရဲတပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ရုရှား နိုင်ငံ ဖက်ဒရယ်လုံခြုံရေး ဌာန ဌာနမှူး Bortnikov က ရုရှား နိုင်ငံ လုံခြုံရေး ဌာန အနေဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တစ်နှစ်သာ ကာလ အတွင်း ရုရှား နိုင်ငံ ရှိ မြို့ပေါင်း ၉ မြို့တွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှု ပေါင်း ၁၆ ခုကို အောင်မြင်စွာ ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့ကြောင်း ဧပြီလ ၁၁ ရက်နေ့ တွင်ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မတီ သတင်းစာမျက်နှာ၌ ဖော်ပြချက်အရ Bortnikov က ဧပြီလ ၁၁ ရက်နေ့ တွင် ပြုလုပ် ခဲ့သည့် အမျိုးသား အကြမ်းဖက် တိုက်ဖျက်ရေး ကော်မတီ အစည်းအဝေး တွင် ရုရှား နိုင်ငံ လုံခြုံရေးဌာန အနေဖြင့် ရုရှားနိုင်ငံ အတွင်း ရှိ မော်စကို မြို့အပါအဝင် မြို့ ၉ မြို့၌ အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်မှု ပေါင်း ၁၆ ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် အဖွဲ့အစည်း တို့၏ အခြေစိုက်စခန်းပေါင်း ၄၆ ခုကို ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ သို့သော် စိန့်ပီတာစဘတ် ဘူတာရုံတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှု ကိုကြည့်ခြင်းအားဖြင့် ရုရှား နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှု သည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် အဖွဲ့အစည်း အတွက် အလုံးစုံ ခြိမ်းခြောက်မှု မဖြစ်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Bortnikov က လက်ရှိတွင် ရုရှား နိုင်ငံ၌ အကြမ်းဖက်မှု လှုပ်ရှားသူ အများစု မှာ ရုရှား နိုင်ငံ သို့လာရောက် အလုပ်လုပ်ကိုင်နေ သူများအကြားတွင် ရောနှောပါဝင်နေပြီး အချို့မှာ ဆီးရီးယား နိုင်ငံ တွင် လေ့ကျင့်မှု များပြုလုပ်ခဲ့ကာ လက်တွေ့စစ်ဆင်ရေးများတွင်လည်း ပါဝင် ခဲ့ကြသူများ ဖြစ်ကြောင်း ၊ သတင်းအချက်အလက်များအရ IS အကြမ်းဖက် အဖွဲ့အစည်း သည် ရုရှား နိုင်ငံ အပါအဝင် နိုင်ငံ အသီးသီး တွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ထားကြောင်း ပြောကြား ခဲ့သည်။ဧပြီလ ၃ ရက်နေ့တွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ် ဘူတာရုံ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၄ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရရှိခဲ့သည်။ရုရှား နိုင်ငံ တရားရုံးချုပ် က ယင်းပေါက်ကွဲမှု ကို အကြမ်းဖက် တိုက်ခိုက်မှု ဟု သတ်မှတ်ခဲ့ပြီး လက်ရှိချိန်တွင် သံသယ ရှိသူ ၈ ဦးကို ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။(Xinhua)