Europe
နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်းတွင် တောမီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွား
ဝယ်လ်လင်တန်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)
နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်းရှိ Tasmanဒေသနှင့် Nelsonဒေသတွင် တောမီးများက ဖေဖော်ဝါရီ ၇ ရက်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ရာ မီးလောင်ကျွမ်းမှု ၁၉၀၀ ဟက်တာ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံး ဒဏ်ရာရသူမရှိသေးကြောင်းသိရသည်။
မီးငြိမ်းသတ်ရာတွင် ရဟတ်ယာဉ်အစီး ၂၀ ကျော်ပါဝင်ကြောင်း ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖွဲ့စည်းထားသည့် မြေပြင်နှင့်ဝေဟင် ကယ်ဆယ်ရေးအဖွဲ့များက တစ်လှည့်စီ မီးငြိမ်းသတ်လျက်ရှိသည်။
တောမီးလောင်ကျွမ်းသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
တောမီးလောင်ကျွမ်းသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
တောမီးလောင်ကျွမ်းသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
တောမီးလောင်ကျွမ်းသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
မီးလောင်မှုစတင်ဖြစ်ပွားပြီးသုံးနာရီအတွင်း မီးကူးဆက်မှုကြောင့် လောင်ကျွမ်းမှုဧရိယာ ၂ ဆ ကျယ်ပြန့်လာကြောင်း ၊ မိုးလေဝသကြိုတင်ခန့်မှန်းချက်များအရ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လေပြင်းတိုက်မည်ဖြစ်သောကြောင့် ယနေ့(ဖေဖော်ဝါရီ ၇ ရက်)သည် မီးငြိမ်းသတ်ရန် အဓိကကျသည့်အချိန်ဖြစ်ရာ မီးလောင်မှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိပါက အခြေအနေမှာ ခန့်မှန်းရခက်မည်ဖြစ်ကြောင်း မီးသတ်ညွှန်ကြားရေးအရာရှိတစ်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါတောမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီ ၅ ရက် Nelsonအနီးတဝိုက်တွင် လယ်သမားတစ်ဦး လယ်ယာသုံးစက်ပစ္စည်းကို အသုံးပြုနေစဉ် မတော်တဆမီးလောင်မှုမှစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခြောက်သွေ့သည့် ရာသီဥတုနှင့်လေပြင်းတိုက်ခတ်မှုများကြောင့် တောမီးကူးဆက် လောင်ကျွမ်းမှုမှာ အလွန်မြန်ဆန်ကြောင်း ၊ ဖေဖော်ဝါရီ ၆ ရက်တွင် အချင်းဖြစ်ရာဒေသနှစ်ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားကြောင်းသိရသည်။ (Xinhua)