Connect with us

Europe

ဘူလ်ဂေးရီးယားတွင် မူးယစ်ဂိုဏ်းတစ်ခုအား ဖြိုခွဲ

ဘူလ်ဂေးရီးယားရဲတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုဖီယာ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုများ ပြုလုပ်နေသည့် အဖွဲ့ဝင် ၆ဦးပါ ရာဇဝတ်ဂိုဏ်းတစ်ခုကို ဘူလ်ဂေးရီးယားအာဏာပိုင်များက ဖြိုခွဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန နှင့် နိုင်ငံတော်ရှေ့နေရုံးက ဖေဖော်ဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ဂိုဏ်းအား ဇန်နဝါရီ ၃၁ ရက်က ဆိုဖီယာမြို့ Druzhba ခရိုင် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း ၂ခုက ပူးတွဲထုတ်ပြန်ချက်တစ်ခု၌ပြောကြားခဲ့သည်။

စစ်ဆင်ရေးအတွင်း အာဏာပိုင်များသည် နေရပ်လိပ်စာ ၁၄ခုကို ဝင်ရောက်ရှာဖွေခဲ့ပြီး အီလက်ထရောနစ်ချိန်တွယ်စက်တစ်ခုအပါအဝင် အမျိုးမျိုးသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

ယခုအချိန်အထိ စုဆောင်းရရှိခဲ့သည့် သက်သေအထောက်အထားများအရ အဆိုပါ အုပ်စုသည် ၂၀၁၇ခုနှစ် သြဂုတ်လကတည်းက စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပြီး အများအားဖြင့် ကိုကင်း၊ အမ်ဖီတမင်း နှင့် ဆေးခြောက်တို့ကို အဓိကထား ဖြန့်ဖြူးရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.