Connect with us

Europe

နိုင်ငံ စီးပွားရေး တိုးတက်စေမည်ဟု ဘရာဇီး ကြားဖြတ်သမ္မတ မီရှဲတီမာ မိန့်ခွန်းပြောကြား

ဘရာဇီး ကြားဖြတ်သမ္မတ မီရှဲတီမာအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီယာ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ကြားဖြတ် သမ္မတ မီရှဲ တီမာ (Michel Temer) က နိုင်ငံအား စီးပွားရေး ပြန်လည် တိုးတက်စေ ရေး၊ မလိုအပ်သည့် အများပြည်သူဆိုင်ရာ ရာထူးများ ဖြတ်တောက်ရေးတို့ အပြင် ပုဂ္ဂလိက ကဏ္ဍကိုလည်း မြှင့်တင်ပေးမည် ဖြစ်ကြောင်း သမ္မတအဖြစ် ပထမဆုံး မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတ ဒီလ်မာ ရူးဆက်အား တရားစွဲဆိုရန် ရာထူးမှ ဖယ်ရှားပြီး မိနစ် အနည်းငယ်အကြာတွင် Planalto သမ္မတ ရုံးချုပ်၌ တီမာက မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးနိုင်ငံ သမ္မတ ဒီလ်မာ ရူးဆက်အား တရားစွဲဆိုရန် ဥပဒေပြု အထက်လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး နောက် လက်ရှိ ဒုတိယ သမ္မတ မီရှဲ တီမာ (Michel Temer) က ယာယီ သမ္မတ အဖြစ်တာဝန်ယူ ဆောင်ရွက် မည် ဖြစ်ကြောင်း မေလ ၁၂ ရက်တွင် တရားဝင် လက်မှတ်ရေးထိုး လွှဲပြောင်းယူခဲ့သည်။
တရားစွဲဆိုနေစဉ် ကာလဖြစ်သော အများဆုံး ခြောက်လတာ အတွင်း သမ္မတ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ရန် တီမာအား တာဝန် လွှဲပြောင်းပေးအပ်မှုအား ဥပဒေပြု အထက်လွှတ်တော် ဥက္ကဋ္ဌ ရီနန် ကယ်လ်ဟိုင်းရိုစ် (Renan Calheiros) က ထုတ်ပြန်ခဲ့သည်။
သမ္မတ ရူးဆက်အား ဘဏ္ဍာရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများအတွက် တရားစွဲဆိုရန် မေလ ၁၂ ရက် အစော ပိုင်းက အထက်လွှတ်တော် အတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။
ရူးဆက်အား တရားစွဲဆိုခြင်းနှင့် ၎င်း ဦးဆောင်သည့် အာဏာရ လက်ဝဲယိမ်း အလုပ်သမားပါတီအား နိုင်ငံရေးမှ ဖယ်ရှားရန် အတွက် အတိုက်အခံ ကွန်ဆာဗေးတစ်များမှ လုပ်ဆောင်ခြင်းဟု ဘရာဇီး ပြည်သူများက ယူဆခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.