Connect with us

Europe

ဘိုင်ယန်မြူးနစ် အသင်း ဘွန်ဒက်လီဂါ ချန်ပီယံအဖြစ် ၂၆ ကြိမ်မြောက် အောင်ပွဲခံ

ဂျာမနီချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်း နှင့် ဟန်နိုဗာ ၉၆ အသင်းတို့ မေ ၁၄ ရက်တွင် ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဘာလင် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဂျာမနီ အမှတ်ပေးေ ဘာလုံးပြိုင်ပွဲဝင် ဘိုင်ယန်မြူးနစ် အသင်းသည် ဘွန်ဒက်လီဂါဖလားကို လေးနှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ရာ အသင်းထောက်ခံသူများသည် မေလ ၁၅ ရက်တွင် အသင်း နှင့်အတူ အောင်ပွဲ ခံခဲ့ကြကြောင်း သိရသည်။

အသင်းထောက်ခံသူ ၁၅,ဝဝဝ ကျော်သည် Marienplatz ရှိ မြို့တော်ခန်းမ ဆင်ဝင်အောက်တွင် စုရုံးကြပြီး ဘွန်ဒက်လီဂါ ချန်ပီယံ ဖလားနှင့်အတူ ရောက်ရှိလာမည့် ဘိုင်ယန်မြူးနစ် ကစားသမားများကို စောင့်ကြို ဂုဏ်ပြုခဲ့ကြသည်။ ၎င်းနေရာသည် ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲသည့်အခါတိုင်း အမြဲလိုလို အောင်ပွဲခံသော နေရာတစ်ခုဖြစ်သည်။
“ ကျွန်တော်တို့သည် ချန်ပီယံများဖြစ်သည်” ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဘိုင်ယန်မြူးနစ် အသင်း ထောက်ခံသူများသည် ဘွန်ဒက်လီဂါ ပြိုင်ပွဲတွင်၂၆ ကြိမ်တိတိ ဗိုလ်စွဲခဲ့သည့် ၎င်းတို့အသင်းအတွက် အောင်ပွဲ ခံခဲ့ကြသည်။ထို့အတူ ဘိုင်ယန်မြူးနစ် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည်လည်း ယခုနှစ်တွင် ဘွန်ဒက်လီဂါ အမျိုးသမီး အမှတ်ပေးဖလား ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ရာ အမျိုးသား အသင်း နှင့်အတူ မြို့တော်ခန်းမ ဆင်ဝင်အောက်တွင် အတူတကွ အောင်ပွဲ ခံခဲ့ကြကြောင်း သိရသည်။
“ ဒီမြို့လေးကို ချစ်တယ်။ ဒီမြို့လေးဆီ အသေအချာ ပြန်လာမယ် ” ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးမှ မကြာမီ အနားယူတော့မည့် ဂျိုးစက် ဂွာဒီယိုလာက အသင်း ထောက်ခံသူများအား ပြောကြားခဲ့သည်။ စပိန်နိုင်ငံသား နည်းပြကြီးသည် အသင်းအား သုံးနှစ်တာ ကိုင်တွယ်ခဲ့ပြီး ဘွန်ဒက်လီဂါ ဖလား သုံးနှစ်ဆက်တိုက် ဗိုလ်စွဲ နိုင်ရန် စွမ်းဆောင် ပေးခဲ့သည်။ ထို့ပြင် ကက်တလန်သား နည်းပြကြီးသည် ယခုနှစ် ဘွန်ဒက်လီဂါ ချန်ပီယံဖလားနှင့် အတူ နောက်ထပ် ဂျာမနီပြည်တွင်း ဆုဖလားတစ်လုံးကို အသင်းအတွက် ရယူပေးရန် အခွင့်အရေး ရှိနေသည်။ ၎င်းမှာ မေလ ၂၁ ရက်တွင် ဘာလင်မြို့၌ ဒေ့ါမွန် အသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည့် ဂျာမန်ဖလား ပြိုင်ပွဲဖြစ်သည်။
“ တကယ်လို့ဘာလင်မှာ ကစားမယ့် ဂျာမန်ဖလား ပြိုင်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် မေလ ၂၂ ရက်မှာ ဒီနေရာကို တစ်ကြိမ်ပြန်လာပြီး အောင်ပွဲခံကြအုံးမှာပါ” ဟု ဘိုင်ယန်မြူးနစ် အသင်းဥက္ကဋ္ဌ Karl-Heinz Rummenigge ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.