Connect with us

Europe

နော်ဝေ ကုန်တင် သင်္ဘောပေါ်တွင် လုပ်ကိုင်နေသည့် ဖိလစ်ပိုင် ကိုးဦး ဘီနင် နိုင်ငံ၌ ပြန်ပေးဆွဲခံရ

နော်ဝေ သင်္ဘော ကုမ္ပဏီ J.J. Ugland မှ ကုန်တင် သင်္ဘော တစ်စီးအား တွေ့ရစဉ်(ဓာတ်ပုံ -အင်တာနက်)

အော်စလို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

နော်ဝေ သင်္ဘော ကုမ္ပဏီ J.J. Ugland မှ ပိုင်ဆိုင်သော ကုန်တင်သင်္ဘော တစ်စီးပေါ်တွင် လိုက်ပါလာသည့် ဖိလစ်ပိုင် လူမျိုး သင်္ဘော သား ကိုးဦး ပြန်ပေးဆွဲခံရကြောင်း နော်ဝေ နိုင်ငံ မီဒီယာက နိုဝင်ဘာ ၃ ရက်တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

ဘီနင်နိုင်ငံ၌ ကုန်တင်ရန် စောင့်ဆိုင်းနေစဉ် ယင်းသင်္ဘောသား ကိုးဦးမှာ သင်္ဘောပေါ်မှ ကုန်းပေါ်သို့ ဆင်းသွား ခဲ့ကြောင်း သင်္ဘောကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။အဆိုပါ ကုမ္ပဏီက ပြန်ပေးဆွဲခံရသူများ၏ လူမျိုး အမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း နော်ဝေး အွန်လိုင်း သတင်းစာ E24 က ပြန်ပေးဆွဲခံရသူများအားလုံးမှာ ဖိလစ်ပိုင်လူမျိုးများ ဖြစ်ကြောင်း နော်ဝေ သင်္ဘော ပိုင်ရှင်များ အသင်း၏ သတင်းအရင်းအမြစ် တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ ဖြစ်စဉ်တွင် နော်ဝေ နိုင်ငံသားများ ပါဝင်ခြင်း မရှိကြောင်း ငြင်းဆို ပြောကြားခဲ့ပြီး ယင်းကိစ္စကို သင်္ဘောကုမ္ပဏီက ကိုင်တွယ် ဖြေရှင်းနေကြောင်း ဝန်ကြီးဌာန၏ ဆက်သွယ်ရေး အကြံပေး ဖြစ်သူ Guri Solberg က NTB သတင်း အေဂျင်စီသို့ ပြောကြားခဲ့သည်။ကုမ္ပဏီဘက်က ပြောကြားရာတွင် ၎င်းတို့၏ ပြဿနာ ဖြေရှင်းရေး အဖွဲ့က အခြေအနေများကို ကိုင်တွယ်နေပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် အဆက်အသွယ် ရရှိထားပြီ ဖြစ်ကြောင်းနှင့် ကုမ္ပဏီမှ သင်္ဘောသားများ၏ မိသားစုများကို အကြောင်းကြားထားကြောင်း ဆိုသည်။ပြန်ပေးဆွဲခံရသူများကို ပြန်ရွေးယူရန် အတွက် မည်သည့် တောင်းဆိုမှု သတင်းအချက်အလက်မှ မရရှိသေးပေ။ ယခုနှစ်များတွင် ယင်းနေရာ၌ အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.